(၂)

14.9K 948 4
                                    

Unicode

သူ့ကိုဟောက်ဖို့မွေးလာတာ!!!

"ကျဲသခင်လေး..." ယောက်ျားတိုင်းရဲ့အသည်းကိုအရည်ပျော်သွားလောက်တဲ့ ညုတုတုအသံနဲ့ ခေါ်လိုက်တဲ့ သူမ... ဟန်ယွင်အာ

ဒါပေမဲ့ သူမခေါ်လိုက်တိုင်းအရည်ပျော်သွားမယ့်ယောက်ျားတွေထဲမှာ ရင်းရှောင်ကျဲမှ
မပါဘဲ။

သူ့ဆီက အနမ်းတစ်စုံကိုခိုးယူဖို့သူမကြိုးစားတာအောင်မြင်ခါနီးလေးမှာပင် ရင်းရှောင်ကျဲတစ်ယောက်မျက်စိပွင့်လာပြီး သူမကို စိုက်ကြည့်နေခဲ့တယ်လေ။

အဲ့ဒီနောက် စိတ်မသက်မသာဖြစ်တဲ့ပုံနဲ့ သူမကို သူ့အနားက တွန်းထုတ်လိုက်တယ်။

"မင်း...ငါနဲ့ဝေးဝေးမှာသွားနေ"

သူ့အသံက အေးစက်ပြတ်သားလို့နေတယ်။

သောက်တာများသွားလို့ မအီမသာဖြစ်နေသည့်ဟန်နဲ့ နှဖူးကိုလက်နဲ့ပွတ်ပြီးအကြောလျှော့နေတယ်။

ဟန်ယွင်အာတစ်ယောက် လန့်သွားပေမဲ့လည်း သူ့အပေါ်မှီပြီး သူ့လက်မောင်းတွေကို တွဲခို‌ဖို့ကြိုးစားလိုက်တယ်။

"ကျဲသခင်လေး...ရှင်အရမ်းမူးနေတယ်။ ကျွန်မကိုမှီပြီးထလိုက်ပါလား"

သူမပြောစကားကြောင့် မျက်ခုံးနှစ်ဖက်ကတွန့်သွားပြီး သူ့အိတ်ကပ်သူပြန်စမ်းကြည့်တော့ တစ်ခုခုပျောက်နေတာ သတိထားမိသွားတယ်။ ဒေါသထွက်နေတဲ့အသံနဲ့....

"ငါ့ဖုန်းဘယ်မှာလဲ !?"

ဘေးမှာ ထိုင်စောင့်နေတဲ့ သူ့လက်ထောက်က အမြန်ပြေးလာပြီး ဖုန်းကိုလက်နှစ်ဖက်နဲ့ရိုရိုသေသေပေးရင်း တောင်းပန်နေတယ်။

"ကျဲသခင်လေး....သခင်လေးဖုန်းကဒီမှာပါ။"
"ခုပဲပြုတ်ကျသွားလို့ ကျွန်တော်ကောက်သိမ်းပေးထားတာပါ။"

ခုနတုန်းက ဖုန်းတစ်ကော ဝင်လာတယ်ဆိုတာ သခင်လေးကို ပြောသင့်မပြောသင့် သူတွေဝေနေတယ်။

အဲ့အချိန်မှာပဲ ဖုန်းက ကောက်မြည်လာတယ်။

"ရင်း! ရှောင်! ကျဲ!"

မင်းတစ်ယောက်ကိုပဲ အလိုလိုက်မှာ! (MYANMAR TRANSLATION)Nơi câu chuyện tồn tại. Hãy khám phá bây giờ