Unicode
ပရိယာယ်များတဲ့ ကောင်မလေး
ပိုအံ့ဩဖို့ကောင်းတာက သူက အခုမှ အထက်တန်း တတိယနှစ်ပဲရှိသေးတယ်လေ။
အဲ့ဒါကိုတောင် အလုပ်လုပ်နေပြီဆိုတော့ ယွီကျဲ ပြောသလိုပဲ သူ့မိသားစုက တကယ်ဆင်းရဲတာပေါ့။ကျောင်းတက်ရင်း အလုပ်လုပ်ရတာတောင် သူက ကျောင်းရဲ့ အတော်ဆုံးကျောင်းသားဆိုတဲ့ ဂုဏ်ကို ထိန်းထားနိုင်တာ တကယ်အထင်ကြီးစရာပါပဲ။
အကိုဟွေ့ က နားလည်တတ်တဲ့ပုံပေါ်ပါတယ်။
သူတို့ကို နှုတ်ဆက်ပြီးတာနဲ့ မနှောင့်ယှက်တော့ပဲ ပြန်ထွက်သွားတယ်လေ။မုရှောင်ရှောင်း က လုရိချန်း ကို လှည့်ကြည့်ပြီး မေးလိုက်ပါတယ်။
"ရှင်က ကျောင်းနဲ့ ဒီလောက်ဝေးတဲ့နေရာမှာ တကယ်အလုပ်လုပ်နေတာလား?"
"ကျောင်းပိတ်ရက်တွေမှ လုပ်ရတာပါ။ ပြီးတော့ ဒီနေရာက ငါ့အိမ်နဲ့ကျ သိပ်မဝေးဖူးလေ။ လခကလည်း များသေးတယ်။"
ပြီးတာနဲ့ စကားဆက်မပြောလိုတော့ဟန် ခေါင်းစဉ်ပြောင်းပြီး ဆက်ပြောလိုက်ပါတယ်။
သူမကို စက်ရှေ့ခေါ်သွားပြီး ဘိုးလင်း ကိုသူမလက်ထဲ ထည့်ပေးလိုက်ပါတယ်။[ဒီဘိုးလင်း ကစားတဲ့ အလုံးကြီးကို ဘယ်လိုခေါ်လဲ ဒို့လည်း မသိဖူး :(((
e trans မှာ ball လို့ရေးထားပေမဲ့ တိုက်ရိုက်ကြီး "ဘော" လို့ပြန်လိုက်ရင်လည်း ရှင်တို့က ရယ်ကြဦးမယ်😕
အဲ့တော့ ဘိုးလင်း လို့ရေးထားရင် အဲ့အလုံးကြီးကိုပဲ မြင်ယောင်ကြပါဦးးး ]
YOU ARE READING
မင်းတစ်ယောက်ကိုပဲ အလိုလိုက်မှာ! (MYANMAR TRANSLATION)
Romanceသူတို့က ငယ်သူငယ်ချင်းတွေ... မိဘတွေရဲ့ စီမံမှုအောက်မှာ စေ့စပ်ခဲ့ရတယ်။ အဲဒီနောက် တစ်ခန်းထဲနေပြီး တူတူအိပ်ဖို့ထိ ဖြစ်လာခဲ့တယ်။ အဲ့ဒီည၊ သူမ တော်တော်မူးလာတဲ့အချိန်ပေါ့... သူကသူမကို မက်မက်မောမောနမ်းနေရင်း သူမနိုးလာပြီး သူ့ကိုရန်ရှာတော့တယ်။ ဒါပေမဲ့သူက အပြ...