(၁၉)

8.5K 702 10
                                    

Unicode

အတန်းထဲက ကိုလူချော

ဒါက ထင်ရှားတဲ့ လူကုံထံကျောင်းတစ်ကျောင်းဖြစ်တာကြောင့် တစ်ချက်ကလေး လှည့်ကြည့်လိုက်ရုံနဲ့တင် ကြည့်ကောင်းတဲ့ကောင်လေးတွေ တကယ်ကို အများကြီးပါပဲ။

ဒါပေမဲ့...

လုရိချန်း ကို မြင်ပြီးတဲ့အခိုက်အတန့်မှာတော့ ဒီကောင်ချောလေးတွေအကုန်လုံး ဖွဲနဲ့ဆန်ကွဲပါပဲ။

[ Rika's Note : ရှောင်ရှောင်း အကြောင်းပိုသိလာလေ ကောင်မလေးက ချောတယ်ဆိုတဲ့အချက်ကလွဲရင် နှာဘူးကျချက်က ကိုယ်နဲ့တူလာလေပဲ 🌚]

ဆရာမဝေ က ထပ်ပြောပါတယ်။

"မုရှောင်ရှောင်း ... သမီးဘယ်သူ့ဘေးမှာထိုင်ချင်လဲ? တစ်ဖက်လူက သဘောတူတယ်ဆို ဘယ်မှာပဲဖြစ်ဖြစ်ထိုင်လို့ရတယ်နော်"

ဆရာမကပါ ထပ်လောင်းပြောလိုက်တာကြောင့် အတန်းထဲက ယောက်ျားလေးတွေ အကုန် စိတ်လှုပ်ရှားကုန်ပါတယ်။

တစ်ယောက်ပြီးတစ်ယောက်ကို ဈေးဘန်းခင်းနေကြပါတယ်။

"မုရှောင်ရှောင်း ဒီကိုလာထိုင်! ဒီကိုလာ! ကိုယ် မင်းအတွက် နေ့တိုင်း မနက်စာဝယ်ကျွေးမယ်လေ!!!"

"အတန်းဖော် မု ... ကျွန်တော့်အဆင့်တွေက တကယ်ကောင်းတယ်။ ဒီကို လာထိုင်ပါ။ မင်းနားမလည်တာတွေ ရှိရင် ပြန်ရှင်းပြမယ့်အပြင် နေ့တိုင်း မုန့်ဝယ်‌ကျွေးမယ်လေ"

"မိန်းမလှလေး! မိန်းမလှလေး! ဒီကိုလာပါ...မင်းအနားမှာ အလုပ်အကျွေးပြုချင်လို့!!!"

အလုအယက်ပြောနေ‌သံတွေကြား အတန်းက ကျန်လူတွေကတော့ တအံ့တဩ။


ဒါက အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်လို့ သူမခံစားလိုက်ရတယ်!

ာပဲဖြစ်ဖြစ် သူမ နေရာကနေ မရွေ့သေးဘဲ စပ်စုလိုက်ပါတယ်။

"အတန်းထဲမှာ အချောဆုံးကောင်လေးက ဘယ်သူလဲ?"

မင်းတစ်ယောက်ကိုပဲ အလိုလိုက်မှာ! (MYANMAR TRANSLATION)Donde viven las historias. Descúbrelo ahora