(7)

11.7K 1.2K 6
                                    

Unicode

မိန်းမအချင်းချင်းရန်သူမလုပ်သင့်!

ရင်းရှောင်ကျဲကို မျက်လုံးထောင့်ကပ်ပြီးကြည့်နေရှာသော သူမလေး...

"နင်အဆင်ပြေသလိုလုပ်လိုက်တော့!"

ပြောမယ့်သာပြောတာ...သူမလေး အနိုင်ကျင့်ခံရတာကို သူမကူညီဘူးဆိုရင်လည်း သူ့ကို ပြဿနာရှာဦးမှာပဲလေ...။

သူ့ကိုပြန်မတိုင်ဖူးဆိုရင်တောင် သူများက လာအနိုင်ကျင့်တာ ခံနေရတာကိုတော့လက်ပိုက်ကြည့်မနေနိုင်ပါဖူး...သူမထိန်းချုပ်နိုင်တဲ့ အခြေအနေကိုရောက်နေရင်တောင်မှပေါ့...

ဟန်ယွင်အာကို ငုံ့ပြီး စိုက်ကြည့်ကာ..
.
"ငါ့ကိုပြော...ဟန်ယွင်အာ...မင်းကိုငါ ဘယ်လိုအပြစ်ပေးရမလဲ?"

သူ့အကြည့်တွေအောက်မှာ သူ့မအသွေးအသားထဲကပါ အေးစိမ့်လာသလိုပါပဲ...
ဒီကိစ္စကို သူမဟာသူမပဲ အဆုံးသတ်လို့ရမှာပါ...

သက်ပြင်းတစ်ချက်ချ...လက်ကိုမြှောက်ပြီး ကိုယ့်ပါးကို ပြန်ရိုက်လိုက်ပါတယ်။

"တောင်းပန်ပါတယ်!! ဒါတွေအကုန်လုံးက ကျွန်မ အမှားတွေပါ! ကျွန်မဟာကျွန်မ စိတ်ရှိသလိုမလုပ်လိုက်သင့်ဖူး...!"

ရှိုက်နေရင်းနဲ့ပဲ နောက်ထပ်နှစ်ချက် ကိုယ့်ပါးကို ပြန်ချလိုက်တယ်...
မျက်ရည်တွေကတော့ တာကျိုးသလို စီးကျနေသလိုပေါ့...

သူမရဲ့တောင်းပန်ဟန်က တကယ်ကို စိတ်ရင်းနဲ့လို့တောင်ထင်နေရတယ်လေ။

ပါးရိုက်လိုက်သံ နှစ်ချက်နဲ့  ဟန်ယွင်အာရဲ့ မျက်ရည်ဝဲနေသည့်မျက်နှာကို တွေ့အပြီး ဒီကိစ္စကို ဆက်အကျယ်မချဲ့တော့ဖို့ သူမဆုံးဖြတ်လိုက်တယ်...

"လုံလောက်ပြီမို့...ကိုယ့်ပါးကို ဆက်မချပါနဲ့တော့"

ဒီပါးရိုက်နေတဲ့ကိစ္စကိုသာ ဆက်ပြီးခွင့်ပြုပေးနေရင် လူတွေက သူမကပဲ အနိုင်ကျင့်နေတယ်လို့ ထင်ကြတော့မယ်လေ!

ဘာပဲဖြစ်ဖြစ် မိန်းကလေးအချင်းချင်း ရန်သူဖြစ်တာ ဘာမှမကောင်းဖူးလေ။

တကယ်တော့ သူမဖြေရှင်းနိုင်တဲ့အတိုင်းအတာ အတွင်းမှာသာရှိလျှင် ဘယ်သူနဲ့မှ အာဃာတတွေ ရန်ငြှိုးရန်စတွေ ထားချင်တာ မဟုတ်ပါဖူး။

မင်းတစ်ယောက်ကိုပဲ အလိုလိုက်မှာ! (MYANMAR TRANSLATION)Kde žijí příběhy. Začni objevovat