Unicode
မနက်ခင်းရဲ့ ဖွင့်ဟဝန်ခံချက်
တတိယနှစ် "အက်စ်" အခန်းပြင်ပဝယ်...
မုရှောင်ရှောင်း က ကောင်လေး တစ်ယောက်ကို တားလိုက်ပြီးတော့
"ဟယ်လို လုရိချန်း ကို မုရှောင်ရှောင်း ရောက်နေတယ်လို့ ပြောပေးလို့ရမလားဟင်? ကျေးဇူးပါနော်!"
သူမကိုမြင်တော့ အဆိုပါကောင်လေးက "အာ" လို့ပဲ အာမေဋိတ်သံပြုနိုင်ပြီး အံ့ဩတကြီးကြည့်နေပါတယ်။
"မင်းပဲလား? ဒီလောက်အစောကြီး လာချစ်ရေးဆိုတယ်ပေါ့? ဝါးးး ဝီရိယရှိလိုက်တာ...မဆိုးပါဖူး စိတ်ရင်းကိုမြင်သာတယ်။ ဂွဒ်👍🏻"
ဘယ်လောက်တောင် တိုက်ဆိုင်လဲဆိုတော့ ဒါက မနေ့က ကောင်လေးပဲလေ!
မုရှောင်ရှောင်း ခမျာ အောင့်သက်သက်နဲ့ ပြန်ပြုံးပြပြီး
"အဲ့လိုမဟုတ်ပါဖူး... ကျေးဇူးပြုပြီး သူ့ကိုပဲ ခေါ်ပေးပါလား"
"ကောင်းပြီ ကောင်းပြီ မင်းက ချစ်ဖို့ကောင်းတော့ ကူညီပေးလိုက်မယ်။ မင်း ဒီနေ့ ကံကောင်းမယ်လို့ ငါခံစားနေရတယ်။ အဲ့ရေခဲတုဲးကြီးရဲ့ နှလုံးသားကို လှုပ်လှုပ်ရှားရှား ဖြစ်သွားအောင် လုပ်ပစ်လိုက်စမ်းပါ!!!"
သူ့ကို ကြည့်ရတာ အကောင်းမြင်တတ်ဟန်ရပါတယ်။ သူမ တောင်းဆိုတာကို လက်ခံလိုက်ပြီး အတန်းထဲဝင်သွားကာ လုရိချန်း ကို အော် ခေါ်လိုက်တယ်။
"ဟေး...လုရိချန်း ဒီမှာ ကောင်မလေးတစ်ယောက် မင်းကိုလာရှာတယ်။ ချစ်စရာလေးနော်! သူမ က မုရှောင်ရှောင်း လို့တော့ပြောတယ်"
လုရိချန်း ထွက်မလာဘဲနေမှာကို သူမလေး စိတ်ပူနေပေမဲ့လည်း အံ့ဩစရာကောင်းလောက်အောင်ကို သူက အခန်းထဲက ထွက်လာခဲ့တယ်လေ။
သူ့ကို မြင်လိုက်ရတော့ သူမလေးခမျာ အံ့ဩလွန်းလို့ "ရှင်...တကယ် ထွက်လာတယ်?!"
"အင်း...ဘာကိစ္စလဲ?"
သူ့ပုံစံကြည့်ရတာ အရင်နဲ့မတူဘဲ အေးစက်စက် ခပ်တန်းတန်းဖြစ်နေတော့ မုရှောင်ရှောင်း ခမျာ စိတ်မသက်မသာဖြစ်နေပါတယ်။
YOU ARE READING
မင်းတစ်ယောက်ကိုပဲ အလိုလိုက်မှာ! (MYANMAR TRANSLATION)
Romanceသူတို့က ငယ်သူငယ်ချင်းတွေ... မိဘတွေရဲ့ စီမံမှုအောက်မှာ စေ့စပ်ခဲ့ရတယ်။ အဲဒီနောက် တစ်ခန်းထဲနေပြီး တူတူအိပ်ဖို့ထိ ဖြစ်လာခဲ့တယ်။ အဲ့ဒီည၊ သူမ တော်တော်မူးလာတဲ့အချိန်ပေါ့... သူကသူမကို မက်မက်မောမောနမ်းနေရင်း သူမနိုးလာပြီး သူ့ကိုရန်ရှာတော့တယ်။ ဒါပေမဲ့သူက အပြ...