(၉)

11.1K 1K 23
                                    

Unicode

မီလီယံနည်းနည်းလောက်မုန့်ဖိုးပေး

ရင်းရှောင်ကျဲအကြည့်တွေက ကားသမားစီရောက်သွားတယ်။
"ဘယ်လောက်ပေးရမှာလဲ?"

ကားသမားက အစကတော့ သူပိုက်ဆံမရတော့ဖူးလို့ထင်နေတာပါ။
ဒါပေမဲ့ ရင်းရှောင်ကျဲစကားကိုကြားအပြီးမှာတော့ ဝမ်းသာအားရနဲ့ "၄၈၀ ယွမ်?" လို့ပြောလိုက်ပါတယ်။

"အရင်ကပြောတော့ ၄၈ယွမ်ဆို?!...ရှင်!!!"
ရှောင်ရှောင်းတစ်ယောက် ရင်းရှောင်ကျဲသာ ပြန်မဆွဲထားရငိ ကားသမားကို တစစီသွားဖြဲတော့မှာ‌ပါ။

"ယွမ် ၄၈၀ တဲ့လား? ကျုပ်အထင်တော့ ခင်ဗျားကသေချင်နေပြီနဲ့တူတယ်"
သူ့မျက်နှာက ညင်သာဟန်‌ပေါက်သွားပေမဲ့ စက္ကန့်အနည်းငယ်အတွင်းမှာပဲ ကားသမားကို ကြမ်းပြင်နဲ့ခေါင်းနဲ့မိတ်ဆက်သွားအောင် ကန်ချလိုက်ပါတယ်။

ကားသမားက ကြမ်းပေါ်မှာ လှိမ့်နေရင်းနဲ့ပဲ သနားစရာကောင်းအောင်လုပ်ယူထားတဲ့အသံနဲ့ အော်ဟစ်နေပါတယ်။
"ဒီကောင် ကျွန်တော့ကိုရိုက်လိုက်တယ်...လာကြပါဦး...သူ...သူရိုက်လိုက်တာ...ကူညီကြပါဦး!"

တည်ငြိမ်တဲ့အသွင်နဲ့ ရင်းရှောင်ကျဲက ကားသမားကို ငုံ့ကြည့်ပြီး
"ခင်ဗျားကိုရိုက်ရုံပဲရိုက်ရသေးတာ သက်ညှာရာကျနေသလိုပဲ...နောက်နခါဆို အသေသတ်စေချင်နေတာလား?"

ပြောပြီးတာနဲ့တစ်ပြိုင်တည်း မုရှောင်ရှောင်းဘက်လှည့်ကြည့်လိုက်တယ်။

သူမကို ဒီစိတ်လှုပ်ရှားစရာကောင်းတဲ့ဂိမ်းမှာပါဝင်ပြီး ကားသမားကို လှည့်စားဖို့ပြောချင်တဲ့အကြည့်မှန်းသူမနားလည်ပေမဲ့လည်း အဲ့လိုလုပ်ဖို့ကို အရမ်းပင်ပန်းနေပြီလေ။

"မြန်မြန်လက်စသတ်လိုက်တော့။ ငါအိမ်ပြန်ပြီး အိပ်ချင်နေပြီ။"

ရင်းရှောင်ကျဲ ပြောလိုက်တဲ့နှုတ်ထွက်စကားကြောင့် ကားသမားခမျာတော့ ရင်ဘတ်ထဲမှာ မိုးကြိုးအစင်းတရားလောက်ပစ်နေသလို ကမ္ဘာပျက်နေပါတယ်။

အဲ့ဒီနောက်မှာတော့ ဘားက တာဝန်ရှိသူတွေနဲ့ လုံခြုံရေးတွေက အမြန်ပြေးထွက်လာကြတယ်လေ။

မင်းတစ်ယောက်ကိုပဲ အလိုလိုက်မှာ! (MYANMAR TRANSLATION)حيث تعيش القصص. اكتشف الآن