Unicode
အမေ့အကြံထဲဆွဲထည့်ခံရ
သူတို့က ငယ်ငယ်တည်းက အတူကြီးပြင်းလာခဲ့တာလေ...
သူ့အိမ်က သူမရဲ့ဒုတိယအိမ်လိုပါပဲ။
ပြီးတော့ သူမလာချင်သလိုလာ သွားချင်သလိုသွားခွင့်ရှိနေတာပဲလေ။ဘယ်တုန်းကများ သူမသွားလည်တဲ့အခါ အိမ်တံခါးဖွင့်ဖို့ သူ့ကိုလိုသွားတာလဲ။
နေပါဦး...တစ်ခုခုကတော့လွဲနေပြီ။
ရင်းရှောင်ကျဲတစ်ယောက် မသင်္ကာဖွယ်ရာအငွေ့အသက်တွေကို စတင်ခံစားမိလာတယ်။
မျက်ဝန်းတွေကိုကျဉ်းပြီး သူမကိုစိုက်ကြည့်ကာမေးလိုက်ပါတယ်...
"မင်းက ဘယ်အိမ်ကိုပြောနေတာလဲ...ငါ...ငါအခုနေနေတဲ့ကွန်ဒိုတိုက်ခန်းကိုပြောနေတာလား?"
သူပြောတဲ့စကားမှန်သွားဟန် မုရှောင်ရှောင်းက ခေါင်းကိုတရစပ် ညိတ်ပြနေပါတယ်။
"ဒါပေါ့...မဟုတ်ရင် ငါကနင့်ကိုအိမ်တံခါးဖွင့်ဖို့ဘာလို့ လိုရမှာလဲ...အရူးရဲ့!"
သူမက သူ့ကို "အ ရန်ကော" ဆိုတဲ့အကြည့်နဲ့ စိုက်ကြည့်နေပါတယ်။
သူကလည်းသူပဲ...တုံးချက်ကလွန်ရော။
ဟုတ်တယ်လေ...သူ့မိဘတွေအိမ်မှာသာ သွားနေချင်ရင် သူ့ကိုလာရှာနေစရာမှမလိုဘဲ!မျက်မှောင်ကြီးကျုံပြီး သူမလက်မောင်းကို ပိုလို့တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်တယ်။
ပြီးတော့...တရားခံတစ်ယောက်ကို စစ်မေးသလို တရစပ်မေးပါတော့တယ်။"မင်းက ဘာလို့ငါ့ကွန်ဒိုမှာ လာနေမှာလဲ? ဒါက တော်တော်လေးကိုညညဉ့်နက်နေပြီလေ...တကယ်လို့မင်းနေရာထိုင်ခင်းတခုခုလိုချင်တယ်ဆိုရင်တောင် ငါ့အမေဆီသွားနေလို့ရတာပဲ...ဘာလို့ငါ့ဆီမှလာရတာလဲ?"
အခြေအနေတွေက ပုံမှန်မဟုတ် တခုခုတော့ဖြစ်နေပြီဆိုတာ သူရိပ်မိသလိုတော့ရှိလာပါပြီ။
ဒါပေမဲ့ သူ့သံသယတွေကို အမှန်အတိုင်းဖြစ်မလာစေချင်ဖူးလေ...
သူအခုတွေးနေတာတွေက အမှားဖြစ်ပါစေလို့ပဲဆုတောင်းရမှာပဲ!"ကြည့်ရတာ နင်က ခုထိ မာမားရင်းရဲ့ အကြံအစည်တွေကို သိသေးပုံမပေါ်ဖူး"
ဟုဆိုကာ သရော်တော်တော်ပြုံးနေရှာတဲ့ မုရှောင်ရှောင်း ပါ။
YOU ARE READING
မင်းတစ်ယောက်ကိုပဲ အလိုလိုက်မှာ! (MYANMAR TRANSLATION)
Romanceသူတို့က ငယ်သူငယ်ချင်းတွေ... မိဘတွေရဲ့ စီမံမှုအောက်မှာ စေ့စပ်ခဲ့ရတယ်။ အဲဒီနောက် တစ်ခန်းထဲနေပြီး တူတူအိပ်ဖို့ထိ ဖြစ်လာခဲ့တယ်။ အဲ့ဒီည၊ သူမ တော်တော်မူးလာတဲ့အချိန်ပေါ့... သူကသူမကို မက်မက်မောမောနမ်းနေရင်း သူမနိုးလာပြီး သူ့ကိုရန်ရှာတော့တယ်။ ဒါပေမဲ့သူက အပြ...