(၆၀)

5.3K 465 47
                                    

Unicode

လူရောဟုတ်ရဲ့လား?

တကယ်လို့ သူရှုံးသွားရင်တောင် သူမကို အပြစ်တင်နိုင်မှာ မဟုတ်ဖူးလေ။

သူမ က သူ့ထက် ပိုပြီး ဉာဏ်ကောင်းနေတာကို ဝန်ခံရုံပဲ တတ်နိုင်တော့မှာ။

ဒုတိယအကြိမ် ပစ်တာမှာတော့ မုရှောင်ရှောင်း က 7 ခုတောင် ထိအောင်ပစ်နိုင်တာမို့ မဆိုးဘူးလို့ပဲ ပြောရမှာပါ။

အခုတခါက သူ့အလှည့်...
လုရိချန်းက ‌ဘိုးလင်း ကိုယူပြီး ရှေ့တည့်တည့်ကို လျှောက်လာပါတယ်။
ဘိုးလင်း က သူ့လက်ကနေ လွတ်ပြီးဆိုတာနဲ့ pin တွေကို ထိသံကလည်း တစ်ဆက်တည်း ပေါ်ပေါက်လာပါတယ်။
ဒီတစ်ကြိမ်မှာတော့ pin အကုန်လုံး ထိသွားခဲ့ပါပြီ

၁၀ မှတ်!

မုရှောင်ရှောင်း က စက္ကန့်အနည်းငယ်လောက် မှင်သက်သွားပါတယ်။
ဒါက ဘယ်လိုအခြေအနေကြီးလဲ?

ဒုတိယအကြိမ် ပစ်တာနဲ့တင် ဘယ်သူက အကုန်ထိအောင် ပစ်နိုင်လို့လဲ။

ဒါကြီးက သဘာဝကျမနေဘူးလေ...ဟုတ်ပြီလား!

သူမ က စိတ်မသက်မသာ ပြုံးပြလိုက်ပါတယ်။

"ရှင်က တော်ရုံကံကောင်းတာ မဟုတ်ဖူးပဲ!"

လုရိချန်း ကလည်း သူမကို ခွန်းတုံ့ပြန်ဖြေရှင်း မနေတော့ဘဲ သဘောတူလိုက်ပါတယ်။
"အင်း တော်တော်လေးကံကောင်းနေတာပဲ။"

တတိယအကြိမ် ပစ်တာမှာတော့ မုရှောင်ရှောင်း က လက်ရည်အနည်းငယ်ကျသွားပြီး ၂ ခုပဲ ထိခဲ့ပါတယ်။

လုရိချန်း က သူမရဲ့အကြည့်တွေကို ဖမ်းမိတာနဲ့ နှုတ်ခမ်းမှာ မထီပြုံးတစ်ခုက ဖြစ်ပေါ်လာပါတယ်။
ဘိုးလင်း ကိုကိုင်ပြီး ရှေ့ကို ပစ်ထည့်လိုက်တာနဲ့ အဲ့ဒါက သေသေသပ်သပ်ကို လိမ့်သွားတယ်လေ။

ထပ်ပြီး...
၁၀ မှတ်ပဲလား!

မုရှောင်ရှောင်း က မေးရိုးပါအောက်ပြုတ်ကျသွားပြီး အံ့ဩလွန်းလို့ ငိုင်ကျသွားပါတယ်။
"ရှင်..."

ပထမတစ်ခါ အကုန်လုံးထိအောင် ပစ်နိုင်တာက ကံကောင်းရုံသက်သက်ဖြစ်နိုင်ပေမဲ့ ဒုတိယတစ်ခါ ဆိုရင်တော့ ဒါက ကံကောင်းတာ မဟုတ်တော့ဘဲ သူ့ရဲ့စွမ်းရည်ကြောင့်ပဲဆိုတာကို ပြသနေပါတယ်။

မင်းတစ်ယောက်ကိုပဲ အလိုလိုက်မှာ! (MYANMAR TRANSLATION)Where stories live. Discover now