Unicode
သေချာတယ် လုရိချန်း ကိုကြိုက်နေတာပဲ
"မြန်မြန်...ပါးစပ်ဟ"
မုရှောင်ရှောင်း မျက်နှာက ပျားရည်ဆမ်းထားသလိုဖြစ်နေပေမဲ့ စိတ်မရှည်တဲ့အသံတော့ ကပ်ပါလာပါတယ်။
ယွီကျဲ ကလည်း ပြုံးပြီး ပါးစပ်ဟကာ ကိုယ်ကိုကိုင်းပြီး သူမ ခွံ့လာတဲ့ ဝက်သားနှပ်ကို စားလိုက်ပါတယ်။
"ဘယ်လိုလဲ...အရသာရှိလား?"
"အင်း...ကောင်းတယ်!"
ယွီကျဲ ကခေါင်းတညိတ်ညိတ်နဲ့ အရသာရှိကြောင်း ထောက်ခံနေပါတယ်။
မိန်းမလှလေး ကျွေးတဲ့စားစရာဆိုမှတော့ သေချာပေါက်ကို အရသာရှိတာပေါ့!
"အဲ့ဒါဆို ငါလည်း နင့်ပန်းကန်ထဲကဂာ စားချင်တယ်...မြန်မြန်...ခွံ့ကျွေး...အာ"
သေချာတာပေါ့...
မုရှောင်ရှောင်း တစာစာပြောလိုက်တဲ့ပုံက ရင်းရှောင်ကျဲ အတွက်တော့ မျက်စိစပါးမွှေးစူးစရာ ဖြစ်နေတာပေါ့!ရင်းရှောင်ကျဲ ကသူ့ကောင်မလေးကို ဖက်ပြီးလမ်းလျှောက်နေရင်းကနေတောင် သူမကို စိုက်ကြည့်သွားပါသေးတယ်။
"အင်း...မင်းဘယ်စားချင်လဲ? ငါး လား? ဒါမှမဟုတ် beefစားမလား"
"ဘာဖြစ်ဖြစ် ရတယ်! မြန်မြန်လေး!"
ယွီကျဲ က အသားတစ်တုံးကို ယူပြီး ခွံ့လိုက်တယ်...
"အာာ~~~"
အဲ့အချိန်လေးမှာပဲ ရင်းရှောင်ကျဲ ကလည်း မုရှောင်ရှောင်း ကိုဆက်မကြည့်တော့ဘဲ စားသောက်ဆိုင်တန်းကနေ ထွက်သွားပါတော့တယ်။
သူ ထွက်သွားတာ မြင်တော့ သူမလည်း ဆက်ပြီး သရုပ်မဆောင်ချင်တော့တာကြောင့် ဟင်းလှမ်းခွံ့တဲ့ ယွီကျဲ ရဲ့ လက်ကို ဖယ်လိုက်ပါတယ်။
"ကိုယ့်ဟာကိုပဲစားလိုက်တော့...ငါမစားချင်တော့ဖူး"
VOCÊ ESTÁ LENDO
မင်းတစ်ယောက်ကိုပဲ အလိုလိုက်မှာ! (MYANMAR TRANSLATION)
Romanceသူတို့က ငယ်သူငယ်ချင်းတွေ... မိဘတွေရဲ့ စီမံမှုအောက်မှာ စေ့စပ်ခဲ့ရတယ်။ အဲဒီနောက် တစ်ခန်းထဲနေပြီး တူတူအိပ်ဖို့ထိ ဖြစ်လာခဲ့တယ်။ အဲ့ဒီည၊ သူမ တော်တော်မူးလာတဲ့အချိန်ပေါ့... သူကသူမကို မက်မက်မောမောနမ်းနေရင်း သူမနိုးလာပြီး သူ့ကိုရန်ရှာတော့တယ်။ ဒါပေမဲ့သူက အပြ...