(၆၄)

15.1K 668 73
                                    

Unicode

ရှာတွေ့တာနဲ့ သေပြီပဲ

ဖြစ်နိုင်ချေတစ်ခုကို တွေးမိတာနဲ့ သူ့မျက်လုံးတွေကို မှေးကျဉ်းတာ စဉ်းစားလိုက်ပါတယ်။
ဒီကောင်မလေး သူ့ဖုန်းနံပါတ်ကိုများ blacklist ထဲ ထည့်လိုက်တာလား?

အဲ့ဒါနဲ့ပဲ နောက်ဖုန်းတစ်လုံး နဲ့ စမ်းခေါ်ကြည့်တော့ တကယ်ကိုပဲ ဖုန်းမအားသေးပါ ဆိုတဲ့အသံ မကြားရတော့ဖူးလေ!

ဒီငတိမ က သူ့ဖုန်းကို တကယ် blacklist ထဲ သွင်းထားတာပဲ!

ရင်းရှောင်ကျဲ တစ်ယောက် ဒေါသထွက်ရတာနဲ့တင် အသက်ရှူတွေမြန်လာပါတယ်။ 

ဒီတစ်ခါ သူမ ကိုရှာတွေ့တာနဲ့ လုံးဝမညှာဘဲ တင်ပါးကို ပိတ်ရိုက်ပစ်မယ်။

ဖုန်းက ဝင်သွားတာနဲ့ မုရှောင်ရှောင်း အသံကြားလိုက်ရပါတယ်။

သူမပါးစပ်က ပလုတ်ပလောင်းစားနေသံနဲ့ ကကျိုးကကြောင် အသံတစ်ခု ထွက်လာပါတယ်။

ရင်းရှောင်ကျဲ က မျက်ခုံးတွေတွန့်သွားပြီး ဒီကောင်မလေး ဘာစားနေပြန်ပြီလဲ?

"မင်းအခုဘယ်မှာလဲ?"

မုရှောင်ရှောင်း က သူ့အသံနေအသံထားကို ခန့်မှန်းမိတာနဲ့ စကားပြန်မပြောဘဲ ခဏရပ်သွားပြီးမှ သက်ပြင်းချလိုက်ပါတယ်။

"လုံးဝ မပြောဘူး။ နင်ရှာနိုင်ရင် ရှာလေ! ဒီနေ့ နင်လုပ်တာက တော်တော်လွန်တာမို့ ငါ့ကို ပြန်မတောင်းပန်မချင်း နင်နဲ့ စကားမပြောဘူး။ တာ့တာ! "

ပြောပြီးတာနဲ့ ချက်ချင်း ဖုန်းချပစ်လိုက်ပါတယ်။

ရက်းရှောင်ကျဲ က ဖုန်းပေါ်က နာမည်ကို ခေတ္တစိုက်ကြည့်နေပြီးမှ သူ့နှုတ်ခမ်းတွေက ညစ်ကျယ်ကျယ်အပြုံးတစ်ခုဖြစ်ပေါ်လာပါတယ်။

"ငါ မရှာနိုင်ဖူးထင်တယ်ပေါ့လေ? စောင့်ကြည့်လိုက်ပါဦး!"

ဒါပေမဲ့ သူမအသံကိုကြားရ‌တာတော့ သူထင်ထားသလိုမျိုး ခုချိန်ထိ လုရိချန်းနဲ့ ရှိနေတာ မဖြစ်နိုင်လောက်ပါဘူး

သူမကို ရှာတွေ့တာနဲ့ သံသယတွေအကုန်ရှင်းသွားမှာပဲ။

ရင်းရှောင်ကျဲ က laptop ကို အသင့်ဖွင့်ထားလိုက်ကာ နောက်ဖုန်းတစ်လုံးနဲ့ မုရှောင်ရှောင်း ကိုထပ်ခေါ်လိုက်ပါတယ်။

မင်းတစ်ယောက်ကိုပဲ အလိုလိုက်မှာ! (MYANMAR TRANSLATION)Où les histoires vivent. Découvrez maintenant