ဟွားမေတစ်ယောက် ဈေးထဲ မှာ ဇာတ်လိုက်မနဲ့ ရန်ဖြစ်ပီးထဲက အတော်လေးစိတ်ကြည်နေတာဖြစ်တယ်
"လန်ယင် မင်းသမီး ကိုယ်တော်ကို နေရာတစ်ခုလိုက်ပြပေးနိုင်မလား ဟို မြစ်ထဲမီးပုံးလွှတ်တဲ့နေရာလေ"
"မင်းသားက သွားချင်ရင် ကျွန်မလိုက်ပို့ပေးမှာပါ "
တကယ်လို့  သူသွားချင်တာလည်းပါတယ်လေ
ဟွားမေ လော့ဟန်ကိုလမ်းပြကာ မီးပုံးလွှတ်တဲ့  ဓလေ့အကြောင်းကိုရှင်းပြလေတယ် လော့ဟန်ကစိတ်ဝင်တစားနားထောင်ကာ ဟွားမေ စကားအဆုံးမှာမေးခွန်းတစ်ခုမေးလေတယ်"တကယ်ဆုတောင်းပြည့်တယ်ပေါ့ ကိုယ့်ချစ်သူ ကိုယ့်ပြန်ချစ်ပါစေလို့ ဆုတောင်းရင်ကော ပြည့်မှာလား "
"ဟွားမေ ကတော့ ပြည့်မယ်ထင်တာပဲလေ မယုံရင်
လော့ဟန်ဆုတောင်းကြည့်ပေါ့ " ပြောရင်း မီးပုံးတစ်ခု
ထိုးပေးလာတဲ့ ဟွားမေကြောင့် လော့ဟန်က ခပ်ညစ်ညစ်ပြုံးလိုက်ကာ မီးပုံးပေါ် စာရေးလိုက်တယ် ထိုစာကတော့ ကျွန်တော် လင်းလော့ဟန်သည် ဟန်ဟွားမေဆိုတဲ့  မိန်းကလေးကို ချစ်မြတ်နိုးပါသည် မှန်သောသစ္စာစကားကြောင့် ဟန်မိန်းကလေးရဲ့  ချစ်ခြင်းကိုပိုင်ဆိုင်ရလိုပါ၏မီးပုံးပေါ်က စာကိုဟွားမေမြင်တော့ ရင်ထဲကြည်နူးမှုလေးခံစားလိုက်ရတယ် သို့သော် သူဆိုတာ အချစ်ခံဖို့  မထိုက်တန်တဲ့သူ တစ်ယောက်ဖြစ်တာကြောင့် နောက်ထပ်ချစ်ဖို့ အင်းအားမရှိ ထားသွားခံရမှာကြောက်တယ် စွန့်ပစ်ခံရမှာကို သူကြောက်နေမိတယ်
မီးပုံးပေါ်ကစာကြောင့် မျက်ရည်များဝဲလာသော ကလေးကြောင့် လော့ဟန် စိုးရိမ်စွာ " ဟွားမေ ဘာများဖြစ်လို့လဲ ကိုယ် ဒီလိုရေးလိုက်တာ ဟွားမေအတွက်
စိတ်ညစ်စရာဖြစ်သွားလား ကိုယ် တောင်းပန်ပါတယ် "မျက်နှာငယ်လေးနဲ့ ပြောလာသော လော့ဟန်ကြောင့် ဟွားမေစိတ်မကောင်း ဒါပေမယ့် သူ ထပ်ချစ်ဖို့  သူမရဲသေးပေ
" လော့ဟန်အတွက် အဖြေတစ်ခု ဟွားမေ တစ်နေ့နေ့တော့ပေးနိုင်မှာပါ "
YOU ARE READING
IN AIR SYSTEM(Completed)
Romanceအမျိုးမျိုးချုပ်ချယ်မှုတွေကြောင့် လွတ်လမ်းရှာနေတဲ့ လေလွင့်တစ်ယောက် SYSTEMနဲ့ ချိတ်မိတဲ့အခါ ဘာဆက်ဖြစ်မှာလဲ