တစ်လဆိုတဲ့အချိန်ဟာ ခနလေးကုန်ဆုံးသွားခဲ့တယ် မနက်ဖြန် ဆို တက္ကသိုလ်သွားရတော့မည်ဖြစ်တယ်
"သား စာကြိုးစားနော် စီနီယာတွေကိုလည်း ရိုရိုသေသေဆက်ဆံ အရင်လိုရန်တွေပဲဖြစ်မနေနဲ့ "မင်ဆော့မားစကားကြောင့် မင်ဆော့ မျက်နှာဆူပုတ်ပုတ်လုပ်ကာ "အိုမားကလည်း ကျွန်တော် အဲ့လောက်မဆိုးပါဘူးနော် "
နူတ်ခမ်းဆူးကာပြောလာသော သားဖြစ်သူကြောင့် ဖခင်ဖြစ်သူကသဘောကျရီလေတယ်
"မနက်ဖြန် ကျောင်းလိုက်ပို့ ပေးမယ် မုန့် ဖိုး ဘယ်လောက်လိုချင်လဲ ""တော်ပါပီ အိုမားပေးထားတဲ့မုန့်ဖိုးတွေရှိသေးတယ် ဒါဆို သားနားတော့မယ် "
အပေါ်ထပ်တက်သွားသော သားဖြစ်သူကိုကြည့်ကာ မင်ဆော့မားက " ယောက်ျားရေ ဘာလိုလိုနဲ့သားတောင် တက္ကသိုလ် ကျောင်းသားဖြစ်လာပီနော် အချိန်တွေကမြန်လိုက်တာရှင် "
မင်ဆော့ပါးကတော့ ခေါင်းငြိမ့်ကာထောက်ခံလေတယ်
ထိုအချိန် ကိုးရီယား အပြည်ပြည်ဆိုင်ရာ လေဆိပ် တရုတ်ကနေ ပျံသန်းလာတဲ့လေယာဉ်ဆိုက်ကပ်ကာ
ရှောင်ကောကောတစ်ယောက်ဆင်းလာလေတယ် မြင့်မားတဲ့အရပ် အေးစက်စက်မျက်နှာနဲ့  မာနာကြီးသလိုဖြစ်နေပေမယ့် ချောမောမှုကပျောက်ကွယ်မသွားပေ"သခင်လေးရှန့်  သခင်မကြီး အိမ်မှာစောင့်နေပါတယ် ကြွပါ "
အသက်30ကျော် လူက ခါးကွေးကာ နူတ်ဆက်တော့
ရှန့်  လွိဖုန်း (လီရှန့်  ) ခေါင်းငြိမ့်ကာ ကားထဲဝင်ထိုင်လိုက်ပီ ကားသမားအား
" ငါပြောတဲ့နေရာကိုအရင်မောင်း ပီးမှအိပ်ပြန်မယ် "
ကားမောင်းတဲ့လူလည်း သခင်လေးရဲ့ အေးစက်စက်အသံကြောင့် လန့်ရလေတယ် မလန့်ပဲမနေနိုငိပါ သခင်လေးက အသက်သာ ငယ်တာ တရုတ်မှာ ရှိတဲ့ ကုမ္ပဏီတွေ ကို ဖခင်နဲ့အတူ တွဲလုပ်နေပီမလား ပီးတော့ သခငိမကလည်း ကိုးရီယားက လုပ်ငန်းတွေကို သခင်လေးအတွက် အမွေလွဲပေးပီးတာပင်တစ်နေရာရောက်တော့ ကားရပ်ခိုင်းကာ ဆင်းသွားတယ် ထိုနေရာကတော့ သခင်လေး အဘွားဖြစ်သူမြှုပ်နှံထားသောနေရာပင်
"အဘွား နေလို့ကောင်းရဲ့ လား ခနခနမလာနိုင်လို့တောင်းပန်ပါတယိ အဘွားကျွန်တော်ကို တစ်ယောက်တည်းထားခဲ့တယ် အဘွားပြောတယ် ကျွန်တော့် လက်တွဲဖော်ကို မြင်ပီးမှဆိုပီး နောက်တစ်ခေါက်လာရင်တော့ လက်တွဲဖော်ခေါ်လာနိုင်မယ်ထင်တယ် အဘွားကောင်းကောင်းနေရစ်ခဲ့ပါ ကျွန်တော်သွားတော့မယ် "
VOCÊ ESTÁ LENDO
IN AIR SYSTEM(Completed)
Romanceအမျိုးမျိုးချုပ်ချယ်မှုတွေကြောင့် လွတ်လမ်းရှာနေတဲ့ လေလွင့်တစ်ယောက် SYSTEMနဲ့ ချိတ်မိတဲ့အခါ ဘာဆက်ဖြစ်မှာလဲ