ဟွားမေ အိပ်ရာနိုးလာတော့
[အန်ညော် host ]
"သခင်မလေး အားရင်း ဝင်လာမယ်နော် "
"သခင်မလေး ဒီနေ့  ဘယ်များသွားချင်ပါသလဲ သခင်မကြီးက သခင်မလေး ကို စိတ်ပြေဖို့  အပြင်ထွက်လည်ဖို့  ခွင့်ပြုလိုက်ပါတယ် "
"ဒါဆို ဟွားမေတို့  ဈေးသွားရအောင် အားရင်း
ပီးတော့ သခင်မလေးလို့ မခေါ်ပါနဲ့ဆို ဟွားမေလို့  ပဲခေါ်ပါ ""မသင့်တော်ပါဘူး သခင်မလေး"
"အော်ဟော့ ငါ့ကိုမလေးစားတာလား "
"မဟူတ်ရပါဘူး သခင် ဟွား ဟွားမေ "
ထိုအခါမှ သူ့သခင်မလေးပြုံးကာ
"ဟွားမေကို ဝတ်စုံစီစဉ်ပေးပါ ဟွားမေ ကိုယ်လက်သန့်စင် လိုက်အုံးမယ် "ဟွားမေ ကြေးမုံကိုတစ်ချက်ကြညိ့လိုက်တယ်
ဘယ်လိုတောင် လှရက်တာလဲ ဘုံကြိုးပြတ်တဲ့ ဒေဝီဆိုတာ ဒါမျိုးကိုပြောတာဖြစ်မယ်
[ဟက် ဒီထက်လှတာတောင် ရှိသေးပါ့ ]
ဟွားမေ ဝတ်စုံဝတ်ပီးတော့ ထွက်လာတော့ အားရင်းက
"ဝါး လှလိုက်တာ ဒါကြောင့် ဒီမြို့မှာဟဟွားမေလောက်လှတဲ့ သူမရှိပါဘူးဆို "အပြာနုရောင် ဝတ်စုံလေးကို အဖြူရောင် ခါးစည်းကြိုးဖြင့်ချည်းထားပီး ကျောက်ပြားနဲ့ ပန်းထိုးထားတဲ့ ကြိုးပြားလေးကိုချထားတယ် ပီးတော့ သိုးမွေးအဖြူရောင်လေးနဲ့
ဆံပင်ကို တစ်ဝက်ချ တစ်ဝက်ထုံး ပုံစံလေးကို ကျောက်ဆံထိုးလေးနဲ့  မြင့်မြတ်တဲ့ ပုံစံလေးဟွားမေရယ် အားရင်းရယ် ဈေးထဲရောက်တော့ အားရင်းမယ် သူ့သခငိမလေးဖြစ်သူအား မျက်လုံးပြူးထွက်မတက် အံ့သြနေမိတယ် သူစိတ်ထဲ၌လည်း သနားသွားတယ်
*အော် မမလေးသနားပါတယ် ဒီလောက်ချစ်ဖို့ကောင်းတဲ့ ငါ့မမလေးကို မင်းသားက ပစ်ပယ်ရက်တယ်
ဟွန့် ငါ့မမလေးကို လူကောင်းနဲ့တွေ့တဲ့အထိစောင့်ရှောက်ရမယ် *"ဟွားမေ အားရင်းတို့  ဟိုနားဆိုင် သွားကြမလား အဲ့ဆိုင်က နာမည်အတော်ကြီးတယ် အစားအစာကလဲ အရမ်းကောင်းတယ်ကြားတယ် "
YOU ARE READING
IN AIR SYSTEM(Completed)
Romanceအမျိုးမျိုးချုပ်ချယ်မှုတွေကြောင့် လွတ်လမ်းရှာနေတဲ့ လေလွင့်တစ်ယောက် SYSTEMနဲ့ ချိတ်မိတဲ့အခါ ဘာဆက်ဖြစ်မှာလဲ