မင်ယန် ရှေ့ ကသရဲမကိုကြည့်ပြီး ကြောင်အနေတုန်း သရဲမက မတ်တပ်ရပ်လာကာ ဟီကနဲ့ ရီပြလာလေတယ် ဒါတင်မက သရဲမက သူ့လက်ဖြင့် သူ့ ဗိုက်ကို ခွဲပြလာလေတယ် ဒါပေမယ့် ဗိုက်ကြီးကအလွတ်ကြီး ဘယ်လောက်တောင် မသတီစရာကောင်းတဲ့မြင်ကွင်းလည်း အားလုံးကြောက်လန့်ပြီး အော်ဟစ်မိတော့ ထိုသရဲမက မျက်နှာက ရီပြနေရာကာ တည်သွားကာ မျက်လုံးရဲရဲတွေက ပိုနီလာသလိုပင် ထို့နောက် သရဲမက အားဆိုပြီး အော်ဟစ်လိုက်တော့ သူတို့လည်း ကြောက်အားခန့်အား ပြေးကြလေတော့တယ်
မင်ယန် ပြေးနေရင်း သူကိုယ်သူ ဘယ်ရောက်သွားမှန်းတောင် မသိလိုက် ဘေးကိုကြည့်မိတော့မှ တခြားသူတွေ မပါလာတာကိုတွေ့ လိုက်ရသည် သူသိလိုက်ပြီ သူတို့ လူကွဲသွားပြီဆိုတာ သူရပ်ပြီး စဉ်းစားခန်းထုတ်နေတုန်း နောက်ကနေ ခြေသံတစ်ခုကိုကြားလိုက်ရတယ် ပုံမှန်ခြေသံတစ်ခုမဟုတ်တာကိုလည်း သူရိပ်မိနေတယ် ထိုအချိန် အမှောင်ရိပ်ထဲမှ လက်တစ်ဖက်ထွက်လာကာ မင်ယန်ကို ဆွဲခေါ်သွားလေတယ်
မင်ယန် ကြောက်လန့်ပြီးရုန်းကန်နေတော့ ဘယ်သူမှန်းမသိတဲ့လူက သူ့ကို တင်းကျပ်စွာ ဖက်ထားပြီး မင်ယန် နား နားကပ်ကာ
"ရူး ကိုယ်ပါ "မင်ယန် ထိုအသံကို မှတ်မိတာပေါ့ သရဲမဟုတ် တဆေမဟုတ် ဘာမှန်းမသိတဲ့ ဟိုလူမဟုတ်လား ထိုအချိန် လရောင်ကြောင့် အလင်းထိုးနေတဲ့နေရာကို ကြည့်မိတော့ ဗိုက်ကြီးပေါက်နေတဲ့ သရဲမ ရပ်နေတာကို တွေ့ လိုက်ရတယ် တော်တော်ခြောက်ခြားစရာကောင်းလှပေသည် အတန်ုကြာရပ်နေပြီးမှ ထွက်သွားသော သရဲမကို ကြည့်ပြီး မင်ယန် ကြောက်လွန်းလို့  တဆက်ဆက်တုန်ရီလာလေတော့တယ်
"အဲ့လောက်တောင် ကြောက်ရလား "
"ကြောက်တယ် အဲ့ထက်ကို "ကြောက်လို့ ပြေးမိပြေးရာပြေးခဲ့ပြီးမှ စုစုနဲ့ ရှင်းရှင်း တစ်ဖွဲ့ ကောင်းဟန်နဲ့  မေယန်က တစ်ဖွဲ့  နဲ့  လင်းဝမ်က တစ်ယောက်တည်းဖြစ်သွားကာ အသီးသီးကွဲထွက်ကုန်ကြလေတော့တယ်
"ရှင်းရှင်း ငါကြောက်တယ် အီးဟင့် "
စုစု ငိုနေတာကြောင့် ရှင်းရှင်းလည်း သူကိုယ်တိုင် ကြောက်နေတာတောင် စုစုကို ပွေ့ ဖက်ထားရင်း ချော့နေမိတယ်
VOUS LISEZ
IN AIR SYSTEM(Completed)
Roman d'amourအမျိုးမျိုးချုပ်ချယ်မှုတွေကြောင့် လွတ်လမ်းရှာနေတဲ့ လေလွင့်တစ်ယောက် SYSTEMနဲ့ ချိတ်မိတဲ့အခါ ဘာဆက်ဖြစ်မှာလဲ