"အင်း ……"
ကုတင်ပေါ် လူလိမ်းကာ ညည်းညူကာသတိရလာတဲ့ ကိုကို ကြောင့် Leo ပျော်သွားမိသည်။
"ကိုကို ဘယ်လိုနေသေးလည်း သက်သာလား ဘယ်နာနားနေသေးလဲ ကိုကိုရာ ဘာကြောင့် ဝင်ခံလိုက်ရတာလဲ "
ပြောရင်း Robin ကို ရင်ဘတ်ထဲ ထည့်ဖတ်လိုက်လေသည်။
"ငါ ဖြစ်တာ ကိစ္စမရှိပါဘူး မင်း ဘာမှ မဖြစ်ရင် ရဘူး မင်းသာ တစ်ခုခု ဖြစ်ရင် ငါ့ကိုငါ အပြစ်တင်လို့ ဆုံးမှာမဟုတ်ဘူး "
ထိုသို့ ပလီပလာ ပြောလိုက်တော့ Leo ဆီမှ ကိုကိုရာ ဆိုတဲ့အသံကို ကြားလိုက်ရချိန် Robin တစ်ယောက် မရီမိအောင် မနည်းအောင့်ထားရလေသည်။သူ့ ချစ်သူရဲ့  သူ့ အပေါ် ချစ်လွန်းတဲ့ စိတ်က သိပ်အသုံးချလိုလ့ကောင်းတယ်မလား။ ကုတင်ဘေးက တံခွန်မှာတော့ ကုတင်ပေါ်က အတွဲကို မျက်နှာလွဲထားလိုက်လေတော့သည်။
Robin ဒဏ်ရာအရှိန်နဲ့  ပြန်အိပ်ပျော်သွားချိန် Leo ဟာ သူ့ ဘက်ပါတဲ့ အမတ်တွေကို စုစည်းကာ အိမ်ရှေ့ စံအတွက် လက်ဆောင်ကြီးကြီးပေးဖို့  စီစဉ်လေတော့သည်။ အာဏာမက်တဲ့သူတွက် အာဏာမရှိအောင် ရိုက်ချပေးရမှာပေါ့။ Robin အိပ်နေရင်း တံခွန်ကတစ်ဆင့် သိလိုက်ရတဲ့ အကြောင်းတွေကြောင့် ပျော်လို့ နေလေသည်။
ခံလိုက်ကြစမ်း ဒါဟာ ငါ့ကို လာထိတဲ့ မင်းအပြစ်ပဲ။
နောက်နေ့မှာတော့ Mike ဟာ အိမ်ရှေ့ စံရာထူးမှ ပြုတ်သွားလေသည်။အကြောင်းကတော့ အိမ်ရှေ့ စံဟာ Nicolasနဲ့ ပေါင်းကာ Robinကို အကောက်ကြံတဲ့အကြောင်းတွေရယ် ယူတိုနဲ့ ပူးပေါင်းခဲ့ကြောင်း သက်သေတွေ ထွက်လာတာကြောင့် ပြည်သူတွေတောင်းဆိုမှုနဲ့  ဘုရင်မင်းမြတ်ပင် မတက်နိုင်စွာပင်။ ထို့ နောက် Mike သည် နိုင်ငံသစ္စာဖောက် ဖြစ်တာကြောင့် ဘယ်တော့အခါမှ ထီးနန်းဆက်ဆံခွင့်မရှိတော့ချေ။ Mike ဟာ ဘာအာဏာမှ မရှိသလောက် ဖြစ်သွားလေတော့သည်။ အစွယ်အပွားတွေဟာလည်း ထောင်နန်းစံရလေတော့သည်။
ိ
ထိုကိစ္စဖြစ်ပွားပြီး သုံးလအကြာတွင် Nicolas သေဆုံးသွားခဲ့လေသည်။အကြောင်းမှာ ထောင်ထဲတွင် ထောင်သားများ နှိပ်စက်၍ပင်။ Nicolas သေတော့ Mike ဟာ အတော် စိတ်မကောင်းဖြစ်ကာ အိပ်ရာထဲလှဲလေတော့သည်။ ထိုသို့  ဖြစ်သွားတော့ Mike အနား ဘယ်သူမှ မကျန်တော့ပေ။ အများသကာ ဝမ်းနည်းပေးကြသော်လည်း Robin ကတော့ ဝမ်းသာလို့နေလေသည်။
أنت تقرأ
IN AIR SYSTEM(Completed)
عاطفيةအမျိုးမျိုးချုပ်ချယ်မှုတွေကြောင့် လွတ်လမ်းရှာနေတဲ့ လေလွင့်တစ်ယောက် SYSTEMနဲ့ ချိတ်မိတဲ့အခါ ဘာဆက်ဖြစ်မှာလဲ