"Wtf !!! Sett ရှုံးသွားတယ်လား မယုံနိုင်စရာပဲ "
"အို့ အို baby Sett ရှုံးသွားတယ် "
ဟုတ်ပါတယ် ရှင်းညို့  ထိုလူကြီးထံ အကြိမ်ကြိမ် ရှုံးပွဲဆင်ခဲ့ရလေသည်။ရှင်းညို့  Settဆိုပြီး စတင်ကတည်းက ရှုံးပွဲမရှိခဲ့ ဒါကြောင့်ပဲ E sport ကစားသမားများကို ပင် ရက်စက်စွာ ဝေဖန်နိုင်ခဲ့တာ ဖြစ်လေသည်။အင်း သူ့ idol ဖြစ်တဲ့ နေ့ စွဲသစ် (Day ) တော့ ချွင်းချက်ပင်။
"အား............ တိုတယ် တိုတယ်ကွာ !!"
ရှင်းညို့  screenထက်က သူ့ အရှုံးကို စိတ်တိုစွာ လက်မခံနိုင်ဖြစ်နေခဲ့သည်။
"ဟက် bae အလောင်းအစားကို တော့ မမေ့ပါဘူးနော် ဟင်းဟင်း~~~"
မြန်မာဇာတ်ကားတွေထဲကလို ယုတ်မာတော့မည့် လူယုတ်မာရီသံကြောင့်  ရှင်းညို့  ဒေါသဖြစ်မိသလို ရင်ထဲ ကြောက်စိတ်ပင် ဝင်သွားသလို ခံစားလိုက်ရလေသည်။
"အဟမ်း မ မမေ့ပါဘူး "
"အင်း ဒါဆို bae ကို ဘာလုပ်ခိုင်းရမလဲ သေချာစဉ်းစားလိုက်အုံးမယ် စောင့်နေနော် "
"ဟွန့်  " တစ်ဖက်လူရဲ့  ကျေနပ်နေတဲ့အသံကြောင့် ရှင်းညို့  နှာခေါင်းရှုံ့ ကာ offline လုပ်လိုက်တော့သည်။
ဒေါက် ဒေါက် !!!
"ရှင်းလေးရေ မားလာတယ် ရှင်းရေ ညို့ ဆက်လေး ဘယ်တွေ ရောက်နေလညိး !!"
ပြဲလန်တဲ့အသံကြောင့် ရှင်းညို့  ပို စိတ်ညစ်သွားရလေသည်။ဇာတ်ကြောင်းနှင့် များစွာ ကွဲထွက်နေတဲ့ ဇာတ်လိုက်မကြောငိ့ mission တွက် သူ စိတ်မပူရတော့ပေမယ့် သားရေ သားရေနဲ့  တွေ့ သမျှ ယောက်ျားတိုင်းနှင့် အတင်းလိုက်ပေးစားနေတော့ စိတ်ရှုပ်ရလေသည်။မိမိတိုက်ခန်းမှာလည်း သူမ ဝင်ချင်တိုင်းဝင် နေတော့သည်။
"လာပြီ " လို့  ပြန်လည် အော်ပြောလိုက်ပြီး သူမ သူ့ အတွက် ယူလာမည့် ခပ်ချောချောကောင်လေးပုံတွေကို ကြညိ့ရမည် တွေးမိပြီး စိတ်မောသက်ပြင်းချကာ ထွက်လာခဲ့လိုက်လေသည်။
ဟွန့်  ဆိုပြီး line out သွားတဲ့ baeကြောင့် မိုးထက် နူတ်ခမ်းစွန်းလေး ကွေ့ တက်ကာ အပြုံးတွေ ပီပြင်သွားလေသည်။ သူ့ အခန်း နံရံထက် နေရာယူထားတဲ့ baeပုံတွေကို ကြညိ့ကာ အနားလျှောက်သွားပြီး နမ်းရှိုက်လိုက်လေသည်။ထို့ အတူ အနမ်းတွေနဲ့ အတူ မိုးထက်မျက်လုံးတွေဟာ နက်မှောင်လို့ သွားလေသည်။
YOU ARE READING
IN AIR SYSTEM(Completed)
Romanceအမျိုးမျိုးချုပ်ချယ်မှုတွေကြောင့် လွတ်လမ်းရှာနေတဲ့ လေလွင့်တစ်ယောက် SYSTEMနဲ့ ချိတ်မိတဲ့အခါ ဘာဆက်ဖြစ်မှာလဲ