"ဟိ ဟိ သူ့ ကို တွေ့ ပြီ "
လွန်ခဲ့သော တစ်ပတ်ထဲက ရှင်းညို့  ထိုသို့  စိတ်ရူးပေါက်နေခဲ့တာဖြစ်လေသည်။ဖုန်းဝမ်ပင် မနိုင်လို့  ခြေရောလက်ပါ မြှောက်ထားတော့သည်။
"အမလေးနော် "
"အဲ့လောက်တောင် ဖြစ်နေရင် ဘာကြောင့် သူ့ ကို နေရာမှာတင် မဖွင့်ပြောလိုက်တာလည်း "
"ဟွန့်  သူများ စိတ်ကူးယဉ် လေထုလေးကို လာဖျက်ဆီးတယ် "
"အော် အော် "
မြင့်ဇူး မဲ့ရွဲ့ ကာ ဆိုလေသည်။ဒါပေမယ့် ရှင်းညို့  ဂရုမစိုက်ပဲ ဖုန်းဖွင့်ကာ fb ပေါ်မှာ နာမည် တစ်ခုကို ရိုက်ရှာလိုက်လေသည်။ များပြားလှသော ထိုသူနဲ့ ပတ်သပ်သည့် သတင်းတွေဟာ သူ့  screen ပေါ် နေရာယူလာလေသည်။
"ကျစ် ကျစ် ဒီonline သတင်းတွေက မင်းတွက် လုံလောက်မယ် ထင်နေလား ဒီမားမားကို သာ အားကိုးလိုက်စမ်းပါ "
မြင့်ဇူးက မိမိရင်ဘတ်ကို ပုတ်ပြကာ ဆိုလာလေသည်။သို့ သော် မြင့်ဇူးသည်လည်း မိုးထက်မြတ်ဟန် ဆိုတဲ့ Rain အကြောင်းကို အားလုံးသိနေတာတော့ ဘယ်ဟုတ်မလည်း။ဒါပေမယ့် တစ်သင်းတည်းသားဖြစ်လာတဲ့ သူတွေမို့  တခြားသူထက် ပိုပိုသာသာ သိနေရုံသာ။
"ဟွန့်  အရေးမပါတာတွေ "
"ပြောသားပဲ ဒီမားမားစကားကို ယုံပါဆို "
မြင့်ဇူးက သူသိသမျှကို ရှင်းညို့ ထံ နာရီအနည်းငယ်ကြာ ဖောက်သည်ချလေတော့သည်။ပြီးနောက် ဖုန်းဝင်လာတော့ အရေးတကြီးထွက်သွားတော့သည်။ ရှင်းညို့ လည်း ဝမ်းကွဲ အစ်ကိုက မိုးထက်နဲ့  ပိုရင်းနှီးကြောင်း သိကာ ပြင်ဆင်ပြီး ဝမ်းကွဲအစ်ကိုဆီ ထွက်လာခဲ့လေသည်။
ရှင်းညို့  သံပန်းများဖြင့် ကာရံထားတဲ့ ခြံကြီးရှေ့ တွင် ရပ်နေလေသည်။ရောက်လာပြီးမှ ဝင်သငိ့ မဝင်သင့် စဉ်းစားရခက်နေသည်။စိုင်းဝဏ္ဏမင်း ရှိမရှိ မသေချာနိုငိဘူးမလား။
ထိုအချိန် ခြံတံခါးပွင့်လာကာ ဦးလေးတစ်ယောက် ထွက်လာလေသည်။
ŞİMDİ OKUDUĞUN
IN AIR SYSTEM(Completed)
Romantizmအမျိုးမျိုးချုပ်ချယ်မှုတွေကြောင့် လွတ်လမ်းရှာနေတဲ့ လေလွင့်တစ်ယောက် SYSTEMနဲ့ ချိတ်မိတဲ့အခါ ဘာဆက်ဖြစ်မှာလဲ