မနက်မိုးလင်းတော့ ထုံးစံအတိုင်း စီနီယာတော့မရှိတော့
မင်ဆော့လည်း မြန်မြန်သွက်သွက်လုပ်ကာ ကျောင်ကိုပြေးရလေတယ်"ဟေး မင်ဆော့ ဖြေးဖြေးသွားလေ နောက်မကျသေးပါဘူး ကိုယ်နဲ့အတူသွားရအောင် "
ပြောလာတဲ့ လီဂျွန်ဟို သူ့ဘေးနားရောက်လာကာ
"မင်းကချစ်စရာလေးနော် စွာလည်းစွာမဲ့ပုံပဲ ကိုယ်တော့သဘောကျတယ် ""ဟက် ဟုတ်လား ကျွန်တော်တာ့ စီနီယာ လီဂျွန်ဟိုကို သဘောမကျဘူး "
"ဟားဟား သဘောကျဖို့မလိုပါဘူး မင်းကိုယ့်ကိုချစ်လာမှာပဲကို "
"အို ယုံကြည်ချက်ပြင်းထန်နေတယ်ပေါ့ " သူ့စကားကြောင့် လီဂျွန်ဟိုက ပုခုံးတွန့်ပြတော့ သူလည်း
"ဒါပေမယ့် ဘယ်လိုလုပ်မလဲ စီနီယာက ကျွန်တော့် စတိုင်မဟုတ်ဘူး ကိုယ့်ကို ကိုယ် ယုံကြည်မှုပြင်းထန်တဲ့လူမျိုးကို သဘောမကျဘူး ဒါဆို သွားပါတော့မယ် "လီဂျွန်ဟို ထွက်သွားသောကျောပြင်ငယ်လေးကိုကြည့်ကာ ဟက်ခနဲ့ ရီလိုက်ပီး သူ့ကစားစရာအပေါ်ပိုစိတ်ဝင်စားသွားတယ် သစ်ပင်နောက်မှာပုန်းနေကျတဲ့ သူငယ်ချင်းတွေထွက်လာကာ
"wow wow ငါ့တို့ရဲ့  playboyကြီး တစ်ချက်တည်းနဲ့ အငြင်းခံလိုက်ရတယ် ပေါ့ ကစားပွဲလှသွားပီ ဟားဟား "
"မင်းတို့ကြည့်ထား ငါလီဂျွန်ဟို ဘဝမှာ noဆ်ုတာမရှိဘူး "
"ခုပဲ noလို့ပြောသွားပီလေ "
ထိုနေ့မှစပီး မင်ဆော့တစ်ယောက် စိတ်ညစ်ရချေပီ တစ်နေ့တစ်နေ့ သူ့ဆီ ချောင်းပေါက်မတက်လာတဲ့ ဇာတ်လိုက်တို့အဖွဲ့  နောက်ကတကောက်ကောက်လိုက်နေတာ တစ်ပတ်ပင်ရှိနေပီ
ခုလည်း ကန်တင်းမှာထိုင်နေတာကို လာနှောက်ယှက်နေတယ် ထထွက်မယ်လုပ်တော့ သူ့ လက်ကို ဖမ်းဆွဲထားတာကြောင့်
"လွတ်ပေး "
"မလွတ်ချင်ပါဘူး ကိုယ်ကသဘောကျတာကို "
"လွတ်ပေးလို့  " နောက်တစ်ခါပြောမိတော့ သူ့လက်ကို ဆောင့်ဆွဲလိုက်တာကြောင့် မင်ဆော့တစ်ယောက်
ဂျွန်ဟိုရင်ခွင်ထဲ တန်းခနဲ့ ဝင်သွားတယ် ကန်တင်းမှ လူတွေက ဝိုးခနဲ့ ဝေါင်းခနဲ့ ဖြစ်ကုန်ကြတော့တယ် မင်ဆော့ ရုန်းနေပေမယ့် ဇာတ်လိုက်ဆီကမလွတ်နိုင် ထိုအခြေအနေတွင် နောက်ထပ် အံ့သြသင့်စရာတစ်ခုက ရောက်လာပြန်လေတယ်
စီနီယာလွိဖုန်းရောက်လာကာ ဂျွန်ဟို ရင်ခွင်ထဲမှ မင်ဆော့ကို ဆွဲထုတ်ကာ လက်ကောက်ဝတ်ကနေ ဆွဲခေါ်သွားလေတော့တယ် ဝန်ယောမှာလည်း ဆက်ပဲထိုင်စားရမလို လိုက်ပဲသွားရမလို ဖြစ်နေရလေတယ်
YOU ARE READING
IN AIR SYSTEM(Completed)
Romanceအမျိုးမျိုးချုပ်ချယ်မှုတွေကြောင့် လွတ်လမ်းရှာနေတဲ့ လေလွင့်တစ်ယောက် SYSTEMနဲ့ ချိတ်မိတဲ့အခါ ဘာဆက်ဖြစ်မှာလဲ