ဇီကျွင်း စုံစမ်းထားသော ချန်ယွဲ့ အကြောင်းကို အသေးစိတ် ဖတ်ရှုလိုက်လေသည်။သို့ သော် ဇီကျွင်း မသိလိုက်ရသည့် အချက်အလက်တစ်ခုသည် ကျန်းထျန်းရှ ဖျောက်ထားတာကိုပင်။
ဇီကျွင်း အချက်အလက်ကို ဖတ်ပြီးနောက် လက်ပတ်နာရီကို ကြည့်လိုက်သည်။အချိန်သည်ကား ရှစ်နာရီ ဆယ်မိနစ် ။ ဇီကျွင်း ထိုင်ခုံပေါ်က ကုတ်အပေါ်ထပ်နှင့် စားပွဲပေါ်က ကားသော့ကို ယူကာ ထထွက်လာခဲ့လိုက်လေသည်။
ကားမောင်းရင်း နံပတ်တစ်ခုဆီ ဖုန်းခေါ်ဆိုကာ စကားတစ်ချို့  ပြောဆိုလိုက်သည်။
ချန်ယွဲ့  အင်္ကျီ ဒီဇိုင်းတစ်ချို့  ကို ရေးဆွဲနေသည်။သူ ငယ်စဉ်က ကိုယ်ပိုင်Branded တစ်ခုကို ရေးဆွဲသည့် ဒီဇိုင်နာ တစ်ယောက်ဖြစ်လိုခဲ့သည်။သို့ သော် အဘက်ဘက်ကနေပြီး ချန်ယွဲ့ တွက် ဒီဇိုင်ပ ညာရပ်ကို သင်ယူဖို့ မဆို စက်နင်းရန်ပင် မလွယ်ကူပေ။ သို့ ပြင် အမြင်ကျဉ်းလှသော နယ်သားတို့  အဖို့  သူဟာ အခြောက် မိန်းမစိတ်ဝင်နေသူဟု သမုတ်ခံရ၏။ဦးလေး ကြောင့် ပေါ်တင်မပြောကြသော်ညား ကွယ်ရာတွင် ချန်ယွဲ့  ဘ၀ဟာ ရစရာမရှိ။
ပတ်ဝန်းကျင် က အမျိုးမျိုးပြောဆိုသော်ညား ချန်ယွဲ့  ဂရုမစိုက် ခဲ့ပါ။ အချစ်ဆိုတာ ဘယ်လိုအရာလည်း သူမသိသေး။သိရန်လည်း မကြိုးစားမိ။သူကိုယ်တိုင် ခြောက်နေလား စိုနေလား ပင် မခွဲခြားနိုင်။ကာယကံရှင်ပင် မသိသည်ကို ဝေဖန်နေကြသည်မှာ ဟာသဆန်နေလေသည်။
အခုတော့ သူ အချစ်ဆိုတာကို အလိုလို သိလာ ခဲ့ပြီ ။ စတွေ့ ထဲက မိမိပေါ် ညင်သာလွန်းတဲ့သူ ဂရုစိုက်လွန်းသူ မြတ်နိုးပေးသူ ။ ထိုလူ မိမိ အနားရှိသည်ဟု တွေးရုံပင် ချန်ယွဲ့  ရင်ထဲ ကြည်နူးရပါ၏။
📞📞📞📞
ဖုန်းမြည်သံကြောင့် ကြည့်လိုက်တော့ ထိုလူ ဖြစ်နေသည်ကြောင့်။
"ဟယ်လို "
"ကိုယ်မင်းကို လွှမ်းလို့  မင်းရော ကိုယ့်ကို လွှမ်းလား "
" အွန်း လွှမ်းတယ် "
"ကောင်းတယ် ဒါဆို ကိုယ့်ကို တံခါးလေး လာဖွင့်ပေးပါအုံး "
ESTÁS LEYENDO
IN AIR SYSTEM(Completed)
Romanceအမျိုးမျိုးချုပ်ချယ်မှုတွေကြောင့် လွတ်လမ်းရှာနေတဲ့ လေလွင့်တစ်ယောက် SYSTEMနဲ့ ချိတ်မိတဲ့အခါ ဘာဆက်ဖြစ်မှာလဲ