ကျင်းရန် သူ့တစ်ကိုယ်လုံး နာကျင်မှုဒဏ်တွေကို ခံစားနေရတယ် အထူးသဖြင့် နောက်ကျောတွင် ကျင်းရန် သူဘေးက ဟွားအော် မရှိတာတွေ့ လိုက်ရတော့ ထူပူသွားတယ်
ကျင်းရန် အရိပ်ကိုယ်ရံတော်ကို ခေါ်ယူပေမယ့် အရိပ်ကိုယ်ရံတော်တွေလည်း ဘာမှမသိကြချေ ကျင်းရန် ပြာယာခတ်ရချေပြီ သူတစ်ကိုယ်လုံးနာကျင်နေပေမယ့် နှလုံးသားထဲကအပူမီးလောက် မခံစားရပေ
ထိုအချိန် သူဆီ တည့်တည့်ပစ်ခွင်းလာတဲ့မြှားတစ်စင်း သူရှောင်လိုက်တော့ ထိုမြှားက တိုင်တစ်မှာသွားစိုက်လေတယ် မြှားကိုပစ်တဲ့သူကိုတွေ့ ပေမယ့် ထိုလူရည်ရွယ်ချက်က သူ့ကိုထိခိုက်စေ ဖို့မဟုတ်ပဲ မြှားထိပ်ကစာကို ပေးပို့ချင်တာဆိုတာကိုပေါ့ စာကိုယူဖတ်လိုက်တော့ ကျင်းရန် ဟွားအော်အပေါ် စိုးရိမ်စိတ်တိုးသွားရလေတယ် ထိုစာထဲတွင် ဟွားအော်ကိုဘယ်လို ကယ်တင်နိုင်တယ်ဆိုပြီး ပါလေတယ် ထိုလူမှာ ဘာရည်ရွယ်ချက်နဲ့ ခုလိုလုပ်သလဲ သူမစဉ်းစားနိုင် အတော်ဆုံးကိုယ်ရံတော်တစ်ယောက်ကိုခေါ်ကာ သူထွက်လာခဲ့တယ်
ချစ်ရသူကိုသာ စိုးစင်နေတာကြောင့် ကျင်းရန်ဟာ အမှောင်ရိပ်ထဲက လူကိုတော့ မတွေ့ လိုက်ပါ ထိုလူကတော့ ထွက်သွားသော ကျင်းရန်ကျောပြင်ကိုကြည့်ကာ
" ဒီလောက်ပဲ ကူညီနိုင်တယ် "လို့ပြောကာ ပျော်ကွယ်သွားလေတယ်တစ်ဖက်တွင် ချီဟူ ဖုန်းဟွားကို ခေါ်ကာ တောလမ်းကိုဖြတ်ပြီး ယဇ်စင်ကို ရောက်လာခဲ့တယ်
"လာပြီလား ထိုင်ပါ ပွဲကြည့်ပေါ့ ""ကောင်းပြီ " ချီဟူ ဖုန်းဟွားကို မှော်နက်အရှင်ဆီ လွှဲပြောင်းကာ ပေးလိုက်တယ် မှော်နက်အရှင်ဟာ တပည့်ဖြစ်သူကို ညွန်းကြားလိုက်တယ် တပည့်ဖြစ်သူက အဖြူရောင်ဖီးနစ်ငှက်ကို ကြီးမားတဲ့လှောင်ချိုင့်ထဲ ထည့်စေတယ် ပြီးတာနဲ့  ချိုးဖောက်မရစေရန် ကျိန်စာမန္နန်တွေတွေကို ရွတ်ဖတ်နေလေတယ်
"အား ……………… "
နာကျင်စွာ အော်လိုက်တဲ့အသံကြီးက တောကြီးတစ်ခုလုံးကိုပျံ့ နှံ့ သွားပြီး သစ်ကိုင်းပေါ်နားနေတဲ့ ကျီးကန်းတွေတောင် လန့်ဖြတ်ပျံသန်းကုန်လေတယ်
YOU ARE READING
IN AIR SYSTEM(Completed)
Romanceအမျိုးမျိုးချုပ်ချယ်မှုတွေကြောင့် လွတ်လမ်းရှာနေတဲ့ လေလွင့်တစ်ယောက် SYSTEMနဲ့ ချိတ်မိတဲ့အခါ ဘာဆက်ဖြစ်မှာလဲ