ဟွားမေ လွန်ခဲ့သော လကမှ သတိရလာခဲ့တယ် သူသိမေ့နေတာ သုံးလလောက်ရှိမှန်းသိခဲ့တယ် ဒဏ်ရာတွေများတာကြောင့် လမ်းလျောက်နိုင်ဖို့အချိန်အတော်ယူလိုက်ရတယ် တံခွန်ကျေးဇူးနဲ့  စစ်ပွဲနိုင်ပီး လော့ဟန် ဘုရင်ဖြစ်သွားမှန်းသိလိုက်ရတယ် သူ့ ကိုလိုက်ရှာနေတဲ့ဆိုတဲ့အကြောင်းကိုရောပေါ့
သူုလော့ဟန်ဆီပြန်ဖို့  သုံးရက်အလိုမှာတော့ သူတို့နေရာလေးမှာ ကူးစက်ရောဂါ ဖြစ်ပွားခဲ့တယ် ဒါကြောင့်သူလည်းမပြန်ဖြစ်တော့ နန်းမြို့ နဲ့ ဝေးတာကြောင့် တံခွန်အကူအညီနဲ့  ကူးစက်ရောဂါအကြောင်းကိုသိစေလိုက်တယ်
ဟွားမေ ဆေးပညာအကြောင်းမသိပေမယ့် 21ရာစုမှာနေလာတာကြောင့် ရောဂါလက္ခဏာကိုကြည့်ကာ ဘာရောဂါဆိုတာ စင်းစာမိတယ် ဒါဟာ ဝမ်းရောဂါပင်
မသန့်ရှင်းတဲ့အစားအစာရေတွေကိုသောက်သုံးမိလို့ ဖြစ်တာပင်ဒါကြောင့် နန်းတွင်းကရောက်လာတဲ့ သမားတော်တွေနဲ့ ပေါင်းကာ ဟွားမေလည်း လုပ်အားပေးလေတယ်
မြစ်ချောင်းရေကိုမသုံးတော့ပဲ ရေတွင်းတွေတူးဖော်ကာ ရေကိုကြိုချက်သောက်စေတယ် တစ်လအကြာမှာတော့ ရောဂါကိုထိန်းချုပ်နိုင်သွားတယ်ထိုအချိန် နန်းတော်က လာစစ်ဆေးတဲ့ လော့ဟန်ရဲ့ ကိုယ်ရံတော်က ဟွားမေကိုတွေ့ ကာ
"လန်ယင် မင်းသမီး "
သူ့ကို နန်းတွင်းကိုယ်ရံတော်ချုပ်တောင် ဂါရဝပြုနေတာကြောင့်အားလုံးကပါ လိုက်ဂါရဝပြုကြလေတယ်"ကျွန်တော်မျိုးတို့ကို ခွင့်လွတ်ပါ လန်ယင် မင်းသမီး "
ရွာလူကြီး စကားကြောင့် ဟွားမေက "မဟုတ်တာ ကျွန်မမပြောမိလို့  မသိတာပဲ အပြစ်မတင်ပါဘူး "လော့ဟန် ဟွားမေကိုတွေ့ ပီဆိုတဲ့သတင်းစကားကြောင့် ထိုနေရာကိုထွက်လာခဲ့တယ် ဟောတွေ့ ပါပီတဲ့  ပြည်သူတွေကြားထဲ လုပ်အားပေးနေတဲ့ အရိပ်လေး
သူ့ကိုမြင်တော့ ပြုံးကာ လျောက်လာတယ် အနည်းငယ်ကွာဝေးသောနေရာမှာရပ်ကာ
"ကျွန်တော်မျိုးမ လင်းအရှင်ကို ဂါရဝပြုပါတယ် "
ESTÁS LEYENDO
IN AIR SYSTEM(Completed)
Romanceအမျိုးမျိုးချုပ်ချယ်မှုတွေကြောင့် လွတ်လမ်းရှာနေတဲ့ လေလွင့်တစ်ယောက် SYSTEMနဲ့ ချိတ်မိတဲ့အခါ ဘာဆက်ဖြစ်မှာလဲ