Robin Watt

4.1K 419 15
                                    

Robin   ချီယူဇို မှာ နေတာ  နှစ်ပတ်ရှိခဲ့ပြီဖြစ်တယ်။  နေလည်းအတော်ကောင်းပြီဖြစ်ပြီး   Robin   omega တစ်ယောက် ဖြစ်သွားပြီမို့  alpha ဟော်မုန်းဖိနှပ်တာကို ခံနိုင်အောင် လေ့ကျင့်နေခဲ့တာဖြစ်တယ်။   Robinဟာ omega တစ်ယောက် ဖြစ်နေသည့်တိုင်  သန်မာနေတုန်းပင် ။Robin  တစ်ယောက်  သေနပ်ပစ် လေ့ကျင့်နေတုန်း    သူ့ခါးပေါ် ရစ်ပတ်လာတဲ့ လက်တစ်စုံကြောင့်   တားမြစ်လိုက်လေတယ်။

"Leo    ငါလေကျင့်နေတာကို မနှောက်ယှက်သင့်ဘူး   ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး   အလုပ်မတရားအားနေတယ်ပေါ့ "

Robinရဲ့   စောင်းပြောခြင်းကို  Leo က  သဘောကျစွာ တိုးတိုးသောရီမောလိုက်ပြီးမှ ပြန်ပြောလေတယ်။

"ဒါပေါ့  ဒီကမ္ဘာပေါ်မှာ ကျွန်တော့်လောက် အားတာကျွန်တော်ပဲရှိတယ်  "

ဒီစကားကိုသာ  တစ်ခြားသူတွေကြားပါက  သွေးတက်မယ် ဖြစ်လေတယ်။  Robinလည်း Leoကို မနိုင်ဘူးဆိုင်တဲ့သဘောနဲ့ ခေါင်းခါကာ  သေနပ်ပစ် ဆက်လေ့ကျင့်လိုက်လေတယ်။  Robin   ဟော်မုန်းဖိနှိပ်မခံရအောင် ဒီစခန်းက Alpha တွေနဲ့ လေ့ကျင့်ခဲ့တယ်။  Leoရဲ့  ဟော်မုန်းကိုတော့  သူတကယ်မခံနိုင်ခဲ့ပေ ။ပြီးတော့ Leoဟာလည်း သူ့ကို ကပ်တွယ်လွန်းလေတယ်။

Robin  ချီယူဇိုကနေ  ဘယ်လိုထွက်ပြီး  လက်စားချေရမယ့်သူတွေကို ဘယ်လို အဆုံးသတ်ပေးရမလည်း   တွေးနေမိတယ်။ 

"ဘာတွေ တွေးနေတာလည်း ကိုကို   လက်စားချေဖို့ တွက်လား  ကျွန်တော့် အကူအညီ လိုလား  "

Leo  ထိုသို့မေးခြင်းဟာ  သူ့ ကိုကိုဟာ  သန်မာသူ တစ်ယောက် ဖြစ်နေတာကြောင့် သူ့အကူအညီ မလိုအပ်ကြောင်း သိနေလို့ပင် ။အကူအညီ လိုရင်လည်း   ကူညီဖို့ အသင့်ပဲလေ။ Robin  သူ့ချစ်သူ  လေးကို စချင်တာကြောင့်  Leoနဲ့ မျက်နှာချင်းဆိုင်ကာ   Leo ရဲ့  လည်တိုင်ကို ဖက်တွယ်လိုက်ပြီး   သူ့ဘက်ကအရင်  Leoရဲ့ နူတ်ခမ်းတွေကု  ဖိကပ်လိုက်တယ်။ 

Leo  ကြောင်အနေရင်းမှ  သူ့ ကိုကိုရဲ့  အနမ်းတွေကို ဦးဆောင်ကာ  နမ်းရှိုက်လေတော့တယ်။  သူ့ ကိုကိုက ရုန်းကန်နေတာကြောင့် ခနလွတ်ပေးလိုက်ကာ

IN  AIR   SYSTEM(Completed)Where stories live. Discover now