ဘန်ဝမ်နဲ့  ဒုံမန် လက်တွဲကာ ရပ်စောင့်နေကြသည်။ခနအကြာ အကျဉ်းထောင်တံခါးပွင့်လာကာ လူတစ်ယောက်ထွက်လာလေသည်။ထိုလူမှာ တခြားမဟုတ် လီဟွန်းဂျန်ပင်။အရာအားလုံးပြီးဆုံးသွားသည်မှာ သုံးနှစ်ရှိခဲ့ပြီ။
"ရော့ တိုဖူး "
ဘန်ဝမ် ဟွန်းဂျန်ဆီ ပေးကာ ပြောလိုက်သည်။ ဟွန်းဂျန် တိုဖူးစားလို့ ပြီးသွားမှ ဘန်ဝမ် ဒုံမန်လက်ထဲက နှင်းဆီနီရဲရဲပန်းစည်းကို ယူကာ ဟွန်းဂျန် လက်ထဲ ထည့်ပေးလေသည်။
"သူ့ ဆီ သွားကြမယ် "
ဟွန်းဂျန် ခေါင်းငြိမ့်တာနဲ့ ဒုံမန်က ကားမောင်းတဲ့နေရာဝင်ယူကာ ဘန်ဝမ်က ဘေးခုံးမှာထိုင်ပြီး ထွက်လာခဲ့ကြလေသည်။ တစ်နာရီအကြာတွင် လိုရာခရီးရောက်လေသည်။တိတ်ဆိတ်တဲ့ပတ်ဝန်းကျင် ဖြူ လွှလွှအုပ်ဂူများဟာ စီစီရီရီနဲ့ ပင်။ဘန်ဝမ် တို့  အုပ်ဂူတစ်ခုရှေ့ ရပ်လိုက်လေသည်။
"မတွေ့ တာကြာပြီ မြောင်ယူမင် ဒီတစ်ခါတော့ ဟွန်းဂျန်ကိုပါ ခေါ်လာပေးတယ်နော် မင်းတို့ အေးဆေးစကားပြောကြ ငါတို့ သွားနှင့်မယ် "
ဘန်ဝမ်နဲ့  ဒုံမန် ထိုနေရာက ထွက်လာကာ ခပ်လှမ်းလှမ်းကနေ ဟွန်းဂျန်ကို ရပ်ကြည့်နေကြလေသည်။ဟွန်းဂျန် လက်ထဲက ပန်းစည်းကို အုပ်ဂူလေးပေါ် ချလိုက်လေသည်။
"မင်းကြိုက်တဲ့ ပန်း ကိုယ်ယူလာပေးတယ် အချိန်တွေကြာခဲ့ပြီ ကိုယ်တကယ်မယုံနိုင်သေးဘူး ကိုယ်တကယ် အသုံးမကျခဲ့ဘူး မင်းကို ကာကွယ်ပေးမယ် ပြောပြီး ……"
"ကိုယ် မင်းကို လွှမ်းတယ် " ထိုစကား ပြောနေချိန်မှာ ဟွန်းဂျန် ဘဝမှာ သုံးခါမြောက် မျက်ရည်ကျနေလေပြီ။သူ့ ဘဝတွင် မိဘသေတာတောင် နှလုံးမာတဲ့သူ မျက်ရည်မကျခဲ့ပါ။သို့ သော် ယူမင်တွက် သုံးခါ မျက်ရည်ကျခဲ့လေသည်။ ထိုနေ့ က အဖြစ်အပျက်အားလုံးဟာ ဒီသုံးနှစ်လုံးလုံး ခြောက်လှန့် စေသည်။ ဒါပေမယ့် သူမလွတ်မြောက်ချင်ပါ။
လွန်ခဲ့သောသုံးနှစ် နယ်စပ်ဒေသလေးတွင် ဟွန်းဂျန်နဲ့  ယူမင်တို့  နေထိုင်ခဲ့တာ တစ်ပတ်ပြည့်ခဲ့ပြီဖြစ်လေသည်။ထိုနေ့ တွင် ရာသီဥတုအပြောင်းအလဲကြောင့် ယူမင် နေမကောင်းဖြစ်လေတော့သည်။ဝရမ်းပြေးဖြစ်နေတဲ့တွက်
ဆေးရုံဆေးခန်းသွားဖို့ မဖြစ်နိုင်ခဲ့။ဒါကြောင့် ဟွန်းဂျန် ဆေးရောင်းတဲ့ နေရာမှာ ဆေးသွားဝယ်ခဲ့သည်။ဆေးရောင်းတဲ့သူက TVတွင်လာနေတဲ့ သတင်းကြောင့် ဟွန်းဂျန်ကို တွေ့ တဲ့အကြောင်း အကြောင်းကြားခဲ့လေသည်။ဒါကို ယူမင်တွက် ပူပင်နေတဲ့ ဟွန်းဂျန် မသိခဲ့။နောက်တော့ သက်ဆိုင်ရာက ရောက်လာကာ ဟွန်းဂျန်ကို လိုက်ဖမ်းလေတော့သည်။ ဟွန်းဂျန် နေမကောင်းနေတဲ့ ယူမင်ကို ခေါ်ကာ ပြေးလေသည်။ အချင်းချင်း ပစ်ခတ်ကြရင်း ဟွန်းဂျန်ကို မှန်မည့် ကျည်ဆံကို ယူမင်က အစားဝင်ခံလ်ုက်လေသည်။ ချက်ကောင်းကို ထိမှန်သွားတာကြောင့် ထိုနေရာမှာတင် သေဆုံးသွားလေသည်။သို့ သော် ယူမင် မျက်နှာသည် ပြုံးယောင်သန်းနေခဲ့သည်။သူ့ ချစ်သူကို ကာကွယ်ပေးနိုင်ခဲ့၍လား သူ့ ချစ်သူကပဲ သူ့ ဘက်ရပ်တည်ပေးခဲ့တာတွက်လား ဘယ်သူမှမသိနိုင်ခဲ့။ ဟွန်းဂျန်က ဝရမ်းပြေးကို ကူညီကာ ဌာနဆိုင်ရာတွေကို ပြန်လည် တိုက်ခိုက်ခဲ့တာကြောင့် ထောင်ဒဏ် သုံးနှစ်ကျခဲ့လေသည်။ဟွန်းဂျန်မှာ သူ့ ချစ်သူကို ပင် မြှပ်နှံ့ ခွင့်မရလိုက်။ယူမင်ကို ဘန်ဝမ်နဲ့  ဒုံမန်က မြှပ်နှံ့ပေးကာ ဟွန်းဂျန် ကိုလည်း အများကြီးဖေးမပေးခဲ့လေသည်။
YOU ARE READING
IN AIR SYSTEM(Completed)
Romanceအမျိုးမျိုးချုပ်ချယ်မှုတွေကြောင့် လွတ်လမ်းရှာနေတဲ့ လေလွင့်တစ်ယောက် SYSTEMနဲ့ ချိတ်မိတဲ့အခါ ဘာဆက်ဖြစ်မှာလဲ