"ကို ရုံရှင်က အတော်ကောင်းတယ်နော် " စက်ဘီးနောက်တွင် သူ့ခါးလေးဖက်လျက် လိုက်ပါလာသော ချစ်သူစကားကြောင့် စက်ဘီးနင်းနေတဲ့ကောင်လေးဟာ
"ချစ်လေး သဘောကျရင် ကိုယ်ကျေနပ်ပါပြီ "
ထိုကောင်လေး စကားကြောင့် ကောင်မလေးက တခိခိနဲ့ သဘောကျရီလေတော့သည် ကြာကြာမရီနိုင်လိုက် သူမတို့ရောက်နေသော ဆေးရုံဟောင်းရှိရာ လမ်းကြီးကို ကြည့်ပြီး သူမကြောက်လန့်စွာဖြင့်
"ကို ညီမတို့  တစ်ခြားလမ်းသွားကြမယ် " သူမအသံတွေဟာ တုန်ရီနေလေတယ် ကောင်လေးကတော့
"အဲ့ လောက်မကြောက်ပါနဲ့  ချစ်လေးရယ် တခြားလမ်းသွားရင် ပိုအချိန်ကုန်လိမ့်မယ် ချစ်လေး အိမ်ပြန် ဒီထက်နောက်ကျမကောင်းဘူးလေ "
ချစ်သူကောင်လေးက မိမိတွက် တွေးပေးတဲ့စိတ်ကြောင့်ပျော်နေပေမယ့် ကြောက်စိတ်ကလည်း ပြယ်မသွားပေ သူမစိတ်ထဲ သရဲ သူမတို့ကို လာမခြောက်ပါစေနဲ့ လ်ု့သာ ဆုတောင်းရင်း ချစ်သူခါးကို တင်းတင်းသာ ဖက်ထားနေမိသည်
သို့သော်ညား သူမရဲ့  ဆုတောင်းသံကို နတ်ဘုရားများ မကြားသည်ထင်ပါ့ ရုတ်တရက် စက်ဘီးရပ်သွားတာကြောင့်
"ကို ဘာဖြစ်တာလဲဟင် " တုန်ရီနေတဲ့အသံလေးဖြင့်မေးမိတော့
"ဘာ မဖြစ်ပါဘူး ချစ်လေး မျက်စိမှိတ်ထားလိုက်နော် လုံးဝမဖွင့်ရဘူး " သူလိမ်လိုက်သည် သူ့ရှေ့  မီတာနှစါဆယ်လောက်က သစ်ပင်ကြီးအောက်တွင် ဆံပင်ဖားယားချထားကာ အဖြူရောင်ဝတ်စုံနဲ့  နောက်ကျောပေးထားတဲ့  သူ သူသိပါတယ် စိတ်ကို အားတင်းကာ ရှေ့ တည့်တည့်ကိုသာ စက်ဘီး ခပ်မြန်မြန်နင်းလိုက်တယ်
အဖြူရောင်နဲ့ မိန်းကလေး ကို ဖြတ်ကျော်တဲ့အခိုက် ခနလေးသာ ငဲ့ကြည့်မိလိုက်တဲ့အတန့် ကြက်သီးတွေဖြန်းကနဲ့ ထကာ ကြောက်လန့်မိသွားလေတယ်
ထိုအတူ နောက်ပါး ချစ်သူဆီမှပါ ကြောက်လန့်အော်သံထွက်ပေါ်လာလေတယ် သူလည်း ကြောကါအားလန့်အားနဲ့  မြန်မြန်နင်းလိုက်ရာ ကျောက်ခဲတက်နင်းမ်ပြီး လက်ကိုင်ရိုင်ကာ လမ်းဘေးက ဓာတ်မီးတိုင်ကို အားချင်း ဝင်တိုက်ကာ လှဲကျသွားပြီး ခေါင်းက ကျောက်တုံးနဲ့  တိုက်မိတာကြောင့် နောက်စေ့မှ သွေးများကျဆင်းလာကာ မျက်စိတွေဝေဝါးလာလေတယ် ထိုသူ သတိမလစ်ခင် မြင်လိုက်ရတာကသော တဟားဟားအော်ရီနေသော မျက်စိများထွက်ကျလျက် မျက်နှာတစ်ခြမ်း စုတ်ပြတ်သတ်နေသော သရဲမကိုပင်
YOU ARE READING
IN AIR SYSTEM(Completed)
Romanceအမျိုးမျိုးချုပ်ချယ်မှုတွေကြောင့် လွတ်လမ်းရှာနေတဲ့ လေလွင့်တစ်ယောက် SYSTEMနဲ့ ချိတ်မိတဲ့အခါ ဘာဆက်ဖြစ်မှာလဲ