"ဘယ်လိုလည်း Wison မင်း သိပ်နိုင်ချင်လွန်းတဲ့ ငါ့ရှေ့  ဒူးထောက်နေရတာ ဟက် "
ဒူးထောက်ထားရကာ နောက်ပြန်ကြိုး တုတ်ခံထားရတဲ့ Wison တစ်ယောက် Robin အပြောကြောင့် ဒေါသတဝင်းဝင်းထလျက် ကုန်းထကာ သတ်ပစ်ချင်သော်လည်း Lucasက ဒူးကွေးကို ကန်ကာ ဒူးပြန်ထောက်စေသည်။
ယူတို ပြည်သူတွေဟာ နန်းရင်ပြင်ကို ကြည့်ရှုနေကြလေသည်။Robin ဒါကို တွေ့ တော့
"ယူတို ပြည်သူ အပေါင်းတို့  ဒီလူဟာ ယူတိုရဲ့  အုပ်ချုပ်သူ Wison ဆိုတာ သိပြီးသား ဖြစ်မှာပါ ဘယ်လိုအုပ်ချုပ်ခဲ့ပြီး ယူတိုကို ဘယ်လို ဖြစ်စေခဲ့တယ်ဆိုတာလည်း အသိပါပဲ ကျွန်တော်ဟာ ယူတိုနဲ့  လုံးဝမသက်ဆိုင်တဲ့သူ တစ်ယောက် ဒါကြောင့် အပြစ်ပေးပိုင်ခွင့်မရှိပါဘူး ဒါကြောင့် Wisonကို အသင်တို့ လက်ထဲ အပ်နှံလိုက်ပါပြီ သင်တို့ ကြိုက်သလို အပြစ်ပေးနိုင်ပါတယ် ကျွန်တော်အနေနဲ့  ကျွန်တော်နိုင်ငံကို ရန်ပြုတဲ့အတွက်ရော အသင်တို့ တွက် လုပ်ပေးနိုင်တာက ဒီယူတိုကို ဖျက်ဆီးဖြစ်ဖို့ ပါပဲ ဒါကြောင့် သုံးရက်အတွင်း ဒီဂြိုလ်က ထွက်ခွာကြပါ ဒါပါပဲ "
Robin တို့  နန်းရင်ပြင်က ထွက်ခွာလာသည်နဲ့  Wisonဟာ ဒေါသထွက်နေတဲ့ ပြည်သူတွေကြား ဘယ်လိုကျန်ခဲ့လည်း စိတ်မဝင်စားပါ ။ သူ့ အနေနဲ့  Wisonကို သူ့ ထက်နာကျင်စေရုံသာ ။တစ်ယောက်ထဲ ဒေါသထက် လူအများရဲ့  ဒေါသက ပိုကြောက်ဖို့ ကောင်းသည်မလား။
Robin ထင်ထားသည့်အတိုင်း ပြည်သူတွေ ဒေါသကြောင့် Wisonတစ်ယောက် မရှုမလှ ဘဝဇာတ်သိမ်းသွားခဲ့လေသည်။Robin Wisonအလောင်းကို အက်စစ်ကန်ထဲ ပစ်ထည့်ကာ လက်စဖျောက်လိုက်လေတော့သည်။
"စစ်ဦးစီးချုပ် ဂျေဗီက သတင်းပို့ လာပါတယ် "
အမြန်ပြေးလာကာ သတင်းလာပို့ တဲ့ Hally မျက်နှာဟာ ပျက်ယွင်းနေခဲ့လေသည်။ထို့ ကြောင့် ဂျေဗီတွင် ကိစ္စတစ်ခုခု ဖြစ်ပျက်နေမှန်း Robin သိလိုက်သည်။ထို့ အချိန် ခေါင်းထဲ ပေါ်လာသည်က ဒီကမ္ဘာ ဇာတ်လိုက်မ Mike Alexander ။
*ကျစ် ကံကြမ္မာရဲ့  သားတော်လို့  မပြောရဘူး ဒါမှန်းသိ အစောထဲက ရှင်းပြစ်ပါတယ် ဟင်း……*
KAMU SEDANG MEMBACA
IN AIR SYSTEM(Completed)
Romansaအမျိုးမျိုးချုပ်ချယ်မှုတွေကြောင့် လွတ်လမ်းရှာနေတဲ့ လေလွင့်တစ်ယောက် SYSTEMနဲ့ ချိတ်မိတဲ့အခါ ဘာဆက်ဖြစ်မှာလဲ