ချန်ယွဲ့  ၏ ထိမ်းမြားပွဲဟာ သိပ်မကြာခင် ရောက်လာတော့မည် ဖြစ်သည်။ယခုဆိုရင် ချန်ယွဲ့  မလုပ်ဖူးခဲ့သမျှ လုပ်ခဲ့ပြီ ကွမ်းကောနဲ့ အတူ ။ချန်ယွဲ့  ပျော်ပါ၏။ဒါပေမယ့် အလုပ်ချင်ဆုံး တစ်ခု ကျန်ရစ်နေသေးသည်။
"ကွမ်းကော ဒီည ယွဲ့ အာတို့  ပန်းကြာရိပ်မြိုင်ကို သွားရအောင် "
"မဖြစ်ပါဘူး သခင်လေး "
"ဘာလို့ မဖြစ်ရမှာလည်း ယွဲ့ အာက ယောက်ျားတစ်ယောက်ပဲ ဆောင်ကြာမြိုင်သွားတာ ဘာများမှားနေလို့ လဲ ပြီးတော့!!! ယွဲ့ အာ ကိုယ်ချင်းစပ်ယှက်ဖို့  သွားတာလည်း မဟုတ် ဒီအတိုင်း ပန်းပေါင်းစုံသေရည်ကို မြည်းကြည့်ချင်ရုံကို "
"ဒါပေမယ့်လည်း သခင်လေး "
"ဘာမှ ဒါပေ့မလည်းဘူး ကွမ်းကော လိုက်မပို့ ချင်နေ ကိုယ့်ဘာကို သွားမယ် ဟွန့်  "
"ဟင်း " ကွမ်းကျွင်း သက်ပြင်းချမိသည်။လိုက်မပို့ ချင်ပါ ထိုသို့  နိမ့်ကျသည့်နေရာမျိုးကို။ထို့ ပြင် ပန်းပေါင်းစုံ သေရည် တွင် ကာမဆေးများ ထည့်သွင်းပါဝင်နေတာကြောင့် ယွဲ့ အာကို တားမြစ်ခြင်း ဖြစ်သည်။
"ကောင်းပါပြီ ကျွန်တော်မျိုး လိုက်ပို့ ပေးပါ့မယ်
"သဘောတူညီမှု ရပြီးသကာလ ညမိုးစမှောင်ချိန်တွင် ချန်ယွဲ့ သို့  ဦးတည်ရာသည် ပန်းကြာရိပ်မြိုင် ဖြစ်၏။
ကွမ်းကော ချန်ယွဲ့ တွက် သီးသန့်ခန်းကို မှ ပြတင်တံခါးမှတစ်ဆင့် အနောက်ဘက်တောင်တန်းတွေကို ကြည့်နိုင်ဖို့  ပြင်ဆင်ပေးထားသည်။
"သခင်လေးတို့  ဘာများအလိုရှိပါသလဲ "
"သခင်မ ဒီသခင်လေးတွက် သီချင်းတစ်ပုဒ်လောက် တီးခတ်ပေးမည့်သူရယ် ပန်းပေါင်းသေရည် ပြင်ဆင်ပေးပါ "
"ကောင်းပါပြီ "
များမကြာခင် ကုချင်းနဲ့ အတူ မိန်းမတစ်ယောက်ဝင်လာပြီး သူမနောက် သေရည်အိုးနဲ့  အမြည်းတွေ သယ်ဆောင်လာသော စားပွဲထိုးများ။ စားပွဲထိုးများ ထွက်သွားပြီးနောက် ချန်ယွဲ့  အပြင်ဘက်က တောင်တန်းတွေကို ငေးမောရင်း ။
YOU ARE READING
IN AIR SYSTEM(Completed)
Romanceအမျိုးမျိုးချုပ်ချယ်မှုတွေကြောင့် လွတ်လမ်းရှာနေတဲ့ လေလွင့်တစ်ယောက် SYSTEMနဲ့ ချိတ်မိတဲ့အခါ ဘာဆက်ဖြစ်မှာလဲ