ချင်မင်ယန်

3.6K 367 18
                                    

ခနကြာတော့  စုစုသတိရလာလေတယ်   သူမအဖွဲ့ ပြန်စုံနေတာတွေ့ ရတော့ ဝမ်းသာသွားတယ်    စုစုသတိရလာပြီဖြစ်တာကြောင့်  သူတို့ ဒီနေရာကထွက်သွားဖို့ လုပ်ရလေတယ်  ရှင်းရှင်းကို  လင်းဝမ်နဲ့ စုစုက တွဲထားပြီး  မေယန်ကတော့ သူမအစ်ကို လက်မောင်းကို ဖက်ထားလေတယ်     ဘယ်သူမှမမြင်ရသညိ့  အရိပ်လေးဟာလည်း  ဘေးနား ကပ်ပါလာလေတယ် 

ရှင်းရှင်းက သူမကောက်ရလာတဲ့ ဆွဲကြိုးကို  မင်ယန်ဆီပေးထားတယ်    တစ်ခုခုဆို  ယောက်ျားလေးတွေက  မိန်းကလေးတွေထက် ပိုသန်မာတာကြောငိ့ပင် မင်ယန် လက်ထဲက ဆွဲကြိုးကို ကြည့်ကာ  ရင်နှီးနေသလိုပင်   ခံစားရတယ်  ဒါပေမယိ့ မှတ်ညဏ်ထဲမှာ ထိုဆွဲကြိုးနဲ့ ပတ်သပ်ပြီး  ဘာမှမမှတ်မိချေ     မင်ယန်လက်ထဲက ဆွဲကြိုးကို  ဘေးနားကပ်ပါလာတဲ့ အရိပ်လေးဟာလည်း စူးစိုက်ကြည့်နေလေတယ်  သူ့စိတ်ထဲ ထိုဆွဲကြိုးဟာ သူရှာနေတဲ့ပစ္စည်း ဟုထင်တယ် 

သူ  အပျက်အစီးတွေကြားနိုးထ လာတုန်းက သူ့စိတ်ထဲ တစ်စုံတစ်ခုကို  ရှာဖွေရမယ်ဆိုတာပဲ သိခဲ့တယ်  ဒါပေမယိ့ ဘာမှန်းမသိတာကြောင့်  ဒီတိုင်းနေနေခဲ့တာဖြစ်တယ်    ဒီဆွဲကြိုးကိုမြင်တော့  ရင်းနှီးနေသလို  ခံစားရတယ် 

"ငါတို့  ဘယ်ဆက်သွားကြမလည်း ဒီအခြေအနေနဲ့ဆို သရဲမက အလွတ်ပေးပါ့မလား"

"မသိဘူး  ကြိုးစားရမှာပဲ  လွတ်မြောက်အောင်  ဒီနေရာမှာသာ  ငါတို့သေသွားရင်  ငါတို့ဝိညာဉ်တွေ  ထာဝရပိတ်မိနေလိမ့်မယ်  " 

သူတို့  ကော်ရစ်တာကို  ဖြတ်လာရင်း  နောက်ကနေ အသံတစ်ခုကြားလိုက်ရတယ် 

"ပြန်ပေး    ပြန်ပေး  လို့  အား………"

မိန်းကလေးတစ်ယောက်အသံဖြစ်ပြီး   သူမဘာကိုတောင်းနေတာလဲ ဆိုတာ သူတို့အားလုံးသိနေပါတယ်   သို့သော်   သူတို့ ပြန်လည်းမပေးနိုင်သလို  နောက်လည်း လှည့်မကြည့်ရဲပေ   ဒါကြောင့် ရှေ့ ကိုသာ အမြန်လျှောက်လိုက်တယ်

သို့သော်   ဝုန်းကနဲ့ မြည်သံနဲ့ အတူ  သူတို့ ရှေ့  နား ရောက်လာတဲ့  ဗိုက်ပေါက်နေတဲ့သရဲမကြောင့် အားလုံးလန့်သွားကြတယ်  မင်ယန် လက်ထဲကိုင်ထားတဲ့ဆွဲကြိုးတောင်  လွတ်ကျသွားတော့တယ် 

IN  AIR   SYSTEM(Completed)Donde viven las historias. Descúbrelo ahora