အနက်ရောင် ဝတ်ရုံမှာ နီရဲရဲ သွေးကွက်တွေက တန်ဆာဆင်ထားလျက်ရှိတာကြောင့် အတန်ပင် ရွံ့ ရှာဖွယ် ကောင်းနေသည်။သို့ သော် ထိုဝတ်စုံပိုင်ရှင်မှာမူ ဤအချင်းအရာကို သတိမမူနိုင်အား။
နတ်ဘုရားနှစ်ပါးနှင့် တိုက်ခိုက်နေရတဲ့တွက် ဇီကျွင်း သတိမလပ်ရဲပေ။ သူ မသေချင်သေးပေ။ သူ ပြန်အလာကို စောင့်မျှော်နေသူ ရှိနေသေးသည်။ဒါ့အပြင် ချစ်ရသူကို ကျန်ရစ်နေခဲ့ရမည့် နာကျင်မှုတို့ အား မပေးလို။
အား…………
တိုက်ခိုက်နေရင်းမှ နားထဲဝင်လာသော ချစ်ရသူ အသံ နှင့်အတူ အောင့်သက်နာကျင်သွားသော ရင်ဘတ်။ယွဲ့ အာ များ တစ်ခုခု ဖြစ်နေလား ဟု ချစ်သူဆီ စိတ်ရောက်သွားချိန် သတိ လစ်ဟသွားသော အချိန်တစ်ခု။
ထိုစဉ်ခဏ မိမိဆီ လာရောက်ထိမှန်သော စွမ်းအားနှစ်ခု ။သတိထားမိချိန် ရှောင်တိမ်းရန်ပင် နောက်ကျသွားခဲ့ရာ ဇီကျွင်း အဝေးသို့  လွင့်ကာ မြေပြင်ပေါ် ဒူးတစ်ဖက်ထောက်လျက် ကျကာ သွေးအန်လေတော့သည်။
ဇီကျွင်း အားယူ ပြန်ထရင်း တိုက်ခိုက်ဖို့  ပြင်ချိန် ကောင်းကင်ထက် အနီရောင်မီးပန်းဟာ ထွက်ပေါ်လာခဲ့သည်။ဇီကျွင်း အဲ့ချင်းဟူ အမည်ရှိ နှစ်ဖက်သွားပါ ဓားရှည်ကို သုံးကာ ထိုနေရာက ချက်ချင်း ထွက်လာခဲ့တော့သည်။
" ဒါယူထားပါ အစ်ကို ဒီနေရာက မိန္ဆာနန်းတော်မို့ အပြင်ရန်သူ ဝင်လာခဲပါတယ် အတွင်းရန်သူဖြစ်ခဲ့ရင် မီးပန်းကို ပစ်လွှတ်ပြီး ကျွန်တော် လာတဲ့အထိ တောင့်ခံပေးပါ ကျေးဇူးပြုပြီး ယွဲ့ အာကို စောင့်ရှောက်ပေးပါအုံး "
လက်ထဲက မီးဆံခွံ့ နှင့်အတူ စစ်မထွက်ခင်မှာကြားသွားသောဇီကျွင်း။ ကုလင် ဆုတောင်းမိသည် သူ အမြန်ရောက်လာဖို့  ။တတ်နိုင်သည်က ဒါပဲရှိတော့သည်ပင်။
"အားကျွင်း ဒီအစ်ကို ယွဲ့ အာကို ဆက် ကာကွယ်မပေးနိုင်တော့ဘူး ဖူး~~~ "
တောက်ပနေသော ကောင်းကင်ထက်က မီးပန်းကို ကြည့်ကာ ကုလင် တီးတိုးရေရွတ်ရင်း သွေးအန်ကာ လဲကျသွားတော့သည်။
YOU ARE READING
IN AIR SYSTEM(Completed)
Romanceအမျိုးမျိုးချုပ်ချယ်မှုတွေကြောင့် လွတ်လမ်းရှာနေတဲ့ လေလွင့်တစ်ယောက် SYSTEMနဲ့ ချိတ်မိတဲ့အခါ ဘာဆက်ဖြစ်မှာလဲ