ဟွားမေ အိမ်ပြန်ရောက်တော့ သူ့ ဖခင်နဲ့ စကားပြောနေတဲ့  လန်ကျိုးခမ်း
အင်း ဇာတ်လိုက်လို့မပြောရဘူး အရှိန်အဝါက ကြီးလိုက်တာ
[ဘာလဲ hostက သဘောကျလို့လား]
ဟွန့်  မကျပါဘူး အမြင်ကပ်စရာကြီးဟန်သခင်ကြီးက သူ့သမီးလေး ပြန်လာတာမြင်တော့
" ဟွားအော် သမီး မင်းသားကို နူတ်ဆက်လိုက်ပါအုံး""ဟွန့် ဘာအတွက်လဲဖေဖေ မိန်းကလေးတစ်ယောက်ရဲ့  ဂုဏ်သိက္ခာကိုမထောက်ထားတဲ့ လူတစ်ယောက်ကို ဟွားအော် မပတ်သပ်ချင်ဘူး နူတ်ဆက်ပါတယ် "
ဟန်အမတ်ကြီးနဲ့  ကျိုးခမ်း ဆွံ့ အ သွားရတယ် သူတို့သိတဲ့ ဟွားမေဟာ ထိုသို့  ဘယ်တော့မှပြောမှာမဟုတ်ဘူးလေ ကျိုးခမ်း ဟွားမေပြောလိုက်တဲ့စကားကြောင့် ရင်ထဲမကောင်းဖြစ်သွားတယ် သူတကယ် ဟွားမေဘက်ကိုမစဉ်းစားပေးခဲ့တာပဲလေ
ဟန်အမတ်ကြီး အိမ်ရှေ့ စံကို အမြန်တောင်းပန်လိုက်တယ် " ဟွားအော် နေမကောင်းဖြစ်နေတာကြောင့် အရှင့်သားကပဲ ခွင့်လွှတ်ပေးပါ "
"ရပါတယ် ဟွားမေ က ကိုယ်တော့အတွက် ညီမတစ်ယောက်လိုပါပဲ ကိုယ်တော့ ညီမအတွက် သင့်တော်တဲ့မင်္ဂလာပွဲ ဖြစ်စေဖို့ ကိုယ်တော် ဂတိပေးပါတယ် "
ထိုသို့ပြောရင်း အိမ်ရှေ့ စံထွက်သွားလေတယ်ကျိုးခမ်း နန်းတော်ကိုရောက်တော့ " အရှင့်သား မင်းကြီးက အခေါ်တော်ရှိပါတယ် "
" အွန်း ကျင်းစန်း မင်းပါလိုက်ခဲ့  "
"ဟုတ် ကဲ့  ပါ အရှင့်သား"ကျင်းစန်း စိတ်ထဲက ပြောမိတယ် *အရှင့်သားရဲ့  အမိန့်က ကျွန်တော့ဘဝမို့  ကျွန်တော်လိုက်နာနေမှာပါ *
ကျိုးခမ်း သူ့ခမည်းတော်ဆီရောက်တော့ " ခမည်းတော်ကို ဂါရဝပြုပါတယ် "
" ဟက် ခမည်းတော်လို့ မခေါ်နဲ့  " " အရှင် သားတော်ကို မအော်ပါနဲ့  "" ခမ်းအယ် မင်း သားတော်ကို အလိုလိုက်တာများနေပီ ဒီတစ်ခါ မိန်းကလေးတစ်ယောက်ရဲ့  ဘဝနဲ့ ဆိုင်တဲ့ကိစ္စပဲ
ခမ်းအယ် ပိုနားလည်မှာပါ "
STAI LEGGENDO
IN AIR SYSTEM(Completed)
Storie d'amoreအမျိုးမျိုးချုပ်ချယ်မှုတွေကြောင့် လွတ်လမ်းရှာနေတဲ့ လေလွင့်တစ်ယောက် SYSTEMနဲ့ ချိတ်မိတဲ့အခါ ဘာဆက်ဖြစ်မှာလဲ