Han gpရဲ့  ကိုယ်ပိုင်ဆေးရုံ က VIP သီးသန့်ခန်းလေးတွင် ပြတင်းတံခါးမှတစ်ဆင့် ကောင်းကင်ပြာတွေကို ငေးမောနေတဲ့ ဆေးရုံဝတ်စုံ ဖြင့် လူငယ်လေး။အနီးကပ်ကြည့်မယ်ဆိုလျှင် ထိုလူငယ် မျက်နှာထက် ကြည်လင်နေသော မျက်ရည်မိုးလေး ရွာနေတာ တွေ့ ရလိမ့်မည်။ ထိုပုံရိပ်မှာ ဘေးလူကိုပင် စိတ်ထိခိုက်စေ၏။
ဟန်မိသားစု၏ သခင်မကြီးဟာ သူမသားတွက် လွန်စွာ စိတ်သောကရောက်ရသည်။သို့ တိုင် သူမဟာ သားဖြစ်သူ ဘာတွက်ကြောင့် စိတ်ထိခိုက်ဝမ်းနည်းနေမှန်း မသိသည့်တွက် ဘာဆက်လုပ်ရမှန်း မသိခဲ့ချေ။
"သား ~~~ " ငြင်သာစွာ ခေါ်ဆိုရင်း အနားသို့ လျှောက်သွားကာ သားဖြစ်သူ လက်ကို ထွေးဆုပ်ကိုင်ရင်း ။
"သားနိုးလာတည်းက ဒီလိုဖြစ်နေတာ မားတကယ်ပဲ သိချင်တယ် ဘယ်အရာက သားကို ဒီလောက်ထိ စိတ်ထိခိုက်စေလည်း ဆိုတာ "
"မားကို ပြောပြပါလားကွယ် သားဖြစ်စေချင် လိုချင်တာ ဘာမဆို မား ဖြည့်ဆည်းပေးနိုင်ပါတယ် သားရယ် "
မိခင်ဖြစ်သူထံ့မှ ကြားရသော စကားဟာ သူ့ရင်ထဲနွေးထွေးစေသည်။
"မား ကျွန်တော် မပြောပြချင်တာ မဟုတ်ပါဘူး မပြောပြနိုင်တာပါ ဘာကြောင့်ဆို ကျွန်တော်ဖြစ်ချင်တာလိုအပ်တာက ဘာလဲဆိုတာ ကျွန်တော်ကိုယ်တိုင် မသိလို့ ပါ "
"ဟမ် "
သားဖြစ်သူဆီက ဖွင့်ထုတ်လာသော စကားဟာ သူမကို အံ့အားသင့်စေသည်။ဒါကို သူမသားက နားလည်သည်ထင်ပါ့ ခပ်ယဲ့ယဲ့လေး ပြုံးပြပြီး တစ်ဖက်သို့ လှည့်ကာ ငေးမောရင်း ။
"ကျွန်တော် နိုးလာတည်းက ရင်ထဲ တစ်ခုခု ပျောက်ဆုံးနေသလို ခံစားနေရတယ် ဘာထွေထူးမရှိပဲ တစ်စုံတစ်ခုကို လွှမ်းနေရတယ် မျက်ရည်အလိုလို ကျနေရတယ် တစ်ခါတစ်လေ ရင်ညတ်ထဲက သိပ်နာတာပဲ ဒါပေမယ့် လေ မား……"
"ဘာကြောင့်ဆိုတာကို ကျွန်တော် မစဉ်းစားနိုင်ခဲ့ဘူး "
ပြောရင်း မျက်ရည်ထပ်ကျလာတော့ သူမ လည်း သားဖြစ်သူကို ပွေးဖက်ရင်း
YOU ARE READING
IN AIR SYSTEM(Completed)
Romanceအမျိုးမျိုးချုပ်ချယ်မှုတွေကြောင့် လွတ်လမ်းရှာနေတဲ့ လေလွင့်တစ်ယောက် SYSTEMနဲ့ ချိတ်မိတဲ့အခါ ဘာဆက်ဖြစ်မှာလဲ