ဖုန်းဟွားနဲ့  ကျင်းရန်ဟာ တစ်ယောက်ကိုတစ်ယောက်ချစ်ကြောင်း ဝန်ခံခဲ့တယ် ကျင်းရန်ဟာ ဖုန်းဟွားအပေါ် အရမ်းဂရုစိုက်တယ် မျက်နှာတစ်ချက်လေးတောင်အညိုးမခံပေ ချီဟူ ကျင်းရန်အိမ်တော်မှာအလုပ်သမားဟန်ဆောင်ကာနေထိုင်ခဲ့တယ် ဖုန်းဟွားဆိုတဲ့ငှက်စုတ်ကို ရှင်းပစ်ဖို့ကြိုးစားပေမယ့်မအောင်မြင်ခဲ့ အဲ့အစားတစ်နေ့တစ်နေ့ ငှက်စုတ်နဲ့  သူချစ်ရသူ ချစ်တင်းနှောတာတွေကို ရင်နာနာ ထိုင်ကြည့်နေရတယ် စဉ်းစားရင်းဒေါသလိပ်လိပ်ထွက်လာလေ ဖုန်းဟွားအပေါ်ပိုမုန်းမိလေလေပင်
"တောက် ပိုင်ဖုန်းဟွား မင်းအမြန်သေမှကောင်းမယ် "
ပြောရင်း ညလုပ်မယ့်ကိစ္စကို တွေးပြီး ချီဟူပျော်နေမိတယ် ဒီညတာဖြတ်ကျော်ပြီရင် သူကျင်းရန်ကိုပိုင်ဆိုင်နိုင်ပြီးဖြစ်သည်ဖုန်းဟွား ခုတစ်လောနေမကောင်းချင်သလိုဖြစ်နေတယ်
သူ့ရေခဲစွမ်းအင်တွေဟာ ရှုပ်ထွေးနေပြီး သူ့ကိုအားနည်းစေတယ် ကျင်းရန်ကတော့ သူချစ်သူလေး ခုတစ်လေညတချောင်ချောင်ဖြစ်လာတာတွေ့ တော့ ပိုဂရုစိုက်ပေးပေမယ့် ပိုဆိုးလာတာကြောင့် ဘာမှားနေလဲတွေးနေမိတယ်
သူ့ဟွားအော်လေးဟာ လူသားတစ်ယောက်မဟုတ်တာကြောင့် သူတွက်ပိုခက်ခဲနေလေတယ်ဖုန်းဟွား 'ဆောင်းဦးလေညှင်း' ဆောင်အနီးက မက်မွန်ပင်အောက်တွင် တည်ရှိနေတဲ့ ကျောက်သားစားပွဲပေါ်မှာ မှောက်အိပ်လိုက်တယ်
[host အရမ်းနေမကောင်းဖြစ်နေလားဟင် တောင်းပန်ပါတယ် တံခွန်အသုံးမကျလို့ hostဘာဖြစ်မှန်းမစုံစမ်းပေးနိုင်ဘူး အီး ဟီးဟီး ]
'မဟုတ်တာ တံခွန် မင်းငါ့တွက်တကယ် တွဲဖက်ကောင်းပါ မင်းသာမရှိရင် ငါခုချိန်မှာ ဒီလိုအသက်ရှင်နေရပြီး ငါ့ကိုမြတ်နိုးပေးမယိ့သူကို တွေ့ ရမှာမဟုတ်ဘူး '
တံခွန်နဲ့ စကားပြောနေတုန်း သူ့ကိုယ်ဟာလေဟာနယ်ထဲ မြှောက်သွားလေတယ် ကျင်းရန် ကျောက်စားပွဲပေါ် အိပ်နေတဲ့ ဟွားအော်ကို ပွေ့ ချီကာ အိပ်ဆောင်ထဲခေါ်လာပြီ မွေ့ရာပေါ်ချကာ စောင်ခြုံပေးလိုက်တယ်
ဖုန်းဟွား သူ့ချစ်သူရဲ့  စိတ်ပူလွန်းနေတဲ့မျက်ဝန်းတွေကြောင့် အားနည်းစွာပြုံးပြလိုက်တယ်
YOU ARE READING
IN AIR SYSTEM(Completed)
Romanceအမျိုးမျိုးချုပ်ချယ်မှုတွေကြောင့် လွတ်လမ်းရှာနေတဲ့ လေလွင့်တစ်ယောက် SYSTEMနဲ့ ချိတ်မိတဲ့အခါ ဘာဆက်ဖြစ်မှာလဲ