[ နောက်ကမ္ဘာ သွားဖို့  အဆင်သင့်ပဲလား ချန်ယွဲ့  ]
ဆိုပါတော့
[ နောက်ကမ္ဘာမှာ ငါ မင်းကို ဘာ အကူအညီ မှ ပေးနိုင်မှာ မဟုတ်ဘူး ဘာလို့ ဆို အဲ့အတိတ်မှာ ငါဆိုတာ မရှိခဲ့လို့  မင်းရဲ့  မှတ်ညဏ်အားလုံးကို ခဏဖျောက်ထားပြီး ချန်ယွဲ့  ဘဝကို ပြန်သွားရမှာ]
ငါ ယုံတယ် ငါ့မှတ်ညဏ် ပျောက်ကွယ်ပျက်စီးသွားရင်တောင် ငါ့နှလုံးသားက သူ့ကို မှတ်မိနေအုံးမှာပဲ
[ အင်း တစ်ခုသတိပေးချင်တယ် ဒီစမ်းသပ်ချက်ကို မအောင်ရင် သူ့  ဝိညာဉ် ပျက်စီးသွားရလိမ့်မယ် လက်ရှိ အနာဂတ်ကာလထိ သူရှိမနေနိုင်တော့ဘူး မင်းလည်း လေလွင့် ဘဝလို ဘဝပေါင်းများစွာ နာကျင်စွာ ဖြတ်သန်းနေရလိမ့်မယ် သူကိုလည်း မေ့သွားလိမ့်မယ် ]
ငါ လုပ်နိုင်မှာပါ
[ကောင်းပါပြီ ရော့ ဒီရေတွေက အဘွားမုန့်  စီရင်ပေးလိုက်တဲ့ မှတ်ညဏ်ဖျောက်ဆေး မင်း မအောင်မြင်ရင် ဒီနေ့ ကိစ္စ အပါအဝင် လေလွင့်ဘဝကိုပါ ထာဝရ မေ့  သွားလိမ့်မယ် ]
ချန်ယွဲ့  ရေပုလင်းကို ကိုင်ထားရင်း တီးတိုးရွတ်ဆိုလိုက်လေသည်။
"တကယ်လို့  ငါတို့ အချစ်တွေက စစ်မှန်မနေခဲ့ရင် ငါ့နှလုံးသားက သူ့ ကို မှတ်မိဖို့  မထိုက်တန်ခဲ့ရင် မှတ်ညဏ်တွေ ရှိနေတောင် အလကားပါပဲ ဒါပေမယ့် ငါတို့ အချစ်တွေက စစ်မှန်တယ်တာ ငါယုံကြည် တယ် "
ထို့ နောက် ချန်ယွဲ့  ရေကို မော့သောက်လိုက်လေတော့သည်။ ပြီးနောက် ချန်ယွဲ့  မြေပြင်ပေါ် လှဲကျသွားလေတော့သည်။ ချန်ယွဲ့ ကိုယ် မြေပြင်နဲ့  မထိခင် တစ်စုံတစ်ယောက်က ပွေ့ ကာ လက်မောင်းတွေကြား ထားရှိလိုက်လေသည်။
ပိုင်ဖုန်းဝမ် ထိုသူကို တွေ့ တော့ လျင်မြန်စွာ ခေါ်ဆိုလိုက်လေသည်။
"ဟေးဇီကျွင်း "
ဟေးဇီကျွင်း ဖုန်းဝမ်ကို လျစ်လျူရှုလျက် ချန်ယွဲ့ ပါးပြင်ကို ညင်သာစွာ ထိတွေ့ ရင်း လေးနက်စွာ ဆိုလိုက်လေသည်။
YOU ARE READING
IN AIR SYSTEM(Completed)
Romanceအမျိုးမျိုးချုပ်ချယ်မှုတွေကြောင့် လွတ်လမ်းရှာနေတဲ့ လေလွင့်တစ်ယောက် SYSTEMနဲ့ ချိတ်မိတဲ့အခါ ဘာဆက်ဖြစ်မှာလဲ