လအတော်ကြာပြီးနောက် ကျန်းအိမ်တော်တစ်ခုလုံး လှုပ်လှုပ်ရှားရှား တက်ကြွစွာ ပြင်ဆင်မှု များ ပြုလုပ်နေကြ၏။ အကြောင်းမှာ ကျန်းအိမ်တော်၏ပိုး ကလေး ချန်ယွဲ့  ကြောင့်ပင်။ချန်ယွဲ့ ၏ အသက်ပြည့် မွေးနေ့ ပွဲတွက် ကျန်းအိမ်တော်တင်မက နန်းတော်ကပင် တက်ကြွစွာ ပါဝင်လေသည်။
"ဟင်း ဘာတွေများ ပျော်စရာကောင်းနေလို့ လဲ
ကွမ်းကော မင်းရော ပျော်စရာကောင်းတယ်လို့ ထင်လား ""…… "
တဖက်ဆီက ပြန်ဖြေသံကို ချန်ယွဲ့  မကြားပေ။ဒါပေမယ့် ထူးဆန်မနေပါ ကွမ်းကျင်သည် လွန်ခဲ့သောလက ကိုယ်ရံတော် ရွေးပွဲကနေ သူ့ ကို စောင့်ရှောက်ဖို့  အရွေးခံရသူပင်။စကားနည်းလွန်းလှသည်က ချန်ယွဲ့ လို အနေအေးသူပင် လက်မြောက်ရ၏။ ပြောသာ ပြောရတာ ချန်ယွဲ့ က ကုတ်ကမြင်း ပြန်မပြော နားမထောင် ဆိုတဲ့အမျိုးအစားပင်။
"ဟိ ဟိ ဘယ်သူသိမှာလဲ ဒီသခင်လေး ဝမ်းနည်းနေတာကို "
ချန်ယွဲ့  ကျလုနီးနီး မျက်ရည်စတို့ ကို မျက်တောင်ဖြင့် ပုတ်ခပ်ကာ တိတ်စေလိုက်သည်။ပိုင်ဖေးကော အပေါ် သူ့ ဟာ အစ်ကို တစ်ယောက်လိုသာ သဘောထားသည် ဖြစ်ရာ လက်ထပ်ဖို့ ရာ သူ့ တွက် ခက်ခဲလှ၏။သို့ ပြင် သူဟာ တစ်စုံတစ်ယောက်ပေါ် စိတ်နှလုံးကို ပေးလိုက်မိပြီ ဖြစ်သည်။
ချန်ယွဲ့  ပြတင်းပေါက် ဘောင်ပေါ် ခေါင်းတင်မှီထားရင်း အနောက်နားမှာ ရပ်နေတဲ့ ကွမ်းကော ကို တစ်ချက်ခိုးကြည့်လိုက်သည်။ကွမ်းကောရဲ့  အကြည့် စူးစူးနဲ့  ဆုံသွားတော့ ချန်ယွဲ့  တသိမ့်သိမ့်နဲ့  အဆက်မပြတ် ခုန်လှုပ်နေသော နှလုံးသားကို လျစ်လျူရှုလျက် မျက်နှာ လွဲလိုက်တော့သည်။ထို့ နောက် နာကျင်စွာ ခပ်ယဲ့ယဲ့လေး ပြုံးလိုက်မိသည်။
ကံကြမ္မာ နတ်ဘုရားက သိပ်ကို ရက်စက်သည်။သူ(ကံကြမ္မာနတ်ဘုရား ) ရေးထားသည့် ပြဇာတ်တွင် သူ (ချန်ယွဲ့ ) ဟာ ရုပ်သေးရုပ် ပမာ။ရုပ်သေးရုပ်အစစ်အမှန်သည်ကား နှလုံးသား ကင်းမဲ့၍ နာကျင်မှု မရှိ ကြ်ုးဆွဲရာ ကနိုင်သော်ညား။ချန်ယွဲ့ သည် သွေးသားနှင့် တည်ဆောင်ထားသည့် နှလုံးသားရှိ လူသားတစ်ယောက် ဖြစ်ရာ နှလုံးသားအလိုဆန္ဒနှင့် စဉ်းစားညဏ်အလိုက ထပ်တူမကျသောအခါမှာတော့ နာကျင်ရပါ၏။
VOUS LISEZ
IN AIR SYSTEM(Completed)
Roman d'amourအမျိုးမျိုးချုပ်ချယ်မှုတွေကြောင့် လွတ်လမ်းရှာနေတဲ့ လေလွင့်တစ်ယောက် SYSTEMနဲ့ ချိတ်မိတဲ့အခါ ဘာဆက်ဖြစ်မှာလဲ