အထပ်မြင့် အဆောက်အဦးပေါ်မှာရပ်နေတဲ့ သူတစ်ယောက် တဖြည်းဖြည်းချင်း အောက်ကို ကျဆင်းလာနေတဲ့ သူကဘယ်သူများလဲ
ကျွန်တော့နာမည် လေလွင့် အသက်က ၂၃
STAR ကုပ္မဏီက ဒီဇိုင်းရေးဆွဲသူ အဖေနာမည်
ဦး ဝင်းအေး အမေနာမည် မာန်ခက်နွယ် အဖေကတော့မရှိတော့ပါဘူး အဖေဆုံးတာ ဆယ်နှစ်မကတော့ဘူး
အမေကတော့ အဖေဆုံးပီး မကြာဘူး နောက်အိမ်ထောင်ပြုလိုက်တယ် ကျွန်တော်အစကတော့ အမေ့ကိုနားမလည်ခဲ့ဘူး အဖေဆုံးပီမကြာဘူး အမေက အိမ်ထောင်ပြုတာကိုပေါ့ အရွယ်လေးရောက်လာတော့ နားလည်သွားတယ် အမေက အဖေ့ကိုချစ်မှမချစ်ခဲ့တာကို ခုတော့ အမေချစ်တဲ့သူနဲ့ ပျော်နေပီလေ ဒါပေမယ့်လဲ ကျွန်တော်တော့ မပျော်ဘူး အဖေမရှိထဲက ကျွန်တော်ဟာ အမေနဲ့ အဒေါ်လက်ထဲက ပုံသွင်းခံလူသားဖြစ်ခဲ့ရတယ်
အဒေါ်က အဖေရဲ့ ညီမရင်းလေ နာမည်က ဒေါ်ဝင်းလှ
အဖေပိုင်ဆိုင်မှု တစ်ပဲခြောက်ပြားလေးကြောင့် အမေနဲ့အဒေါ်ဟတစ်ယောက်ကိုတစ်ယောက်မကြည်ဖြူတာကိုကြည့်ပီး ကျွန်ါတော်စိတ်မကောင်းဘူး အဒေါ်နဲ့ အမေစိတ်ချမ်းသာဖို့  နောက်ကနေ အားလုံးကို လိုက်လုပ်ပေးခဲ့တယ် ဒါပေမယ့် ကျွန်တော်ဟာ သူတို့ အမြင်မှာ
အသုံးမကျတဲ့လူတစ်ယောက်သာ ကျောင်းတစ်ဖက်
အလုပ်လုပ်ရင်း ညီမဖြစ်သူကိုထိန်းကျောင်းခဲ့တယ် ရွာထဲကတောက်တိုမယ်ရအလုပ်တွေလုပ်ပီး မောင်နှမနှစ်ယောက် ကျောင်းတက်ခဲ့တယ် ညီမလေးကိုတော့ မခိုင်းရက်တာကြောင့် ဘာမှမလုပ်ခိုင်း ခဲ့ ပထွေးဆိုသည်မှာလဲ နောက်ပိုင်း အလုပ်မလုပ်ပဲ အမေကိုတာမှိခိုနေတာကြောင့် စားဝတ်နေရေးပိုခက်ခဲလာတယ်နောက်တော့ ပထွေးက ကျွန်တော်ဆီကတောင်းတယ် မရရင်ဆူတယ်ဆဲတယ်ဟရိုက်တယ် ညီမလေးကို မရိုက်မိအောင် ကိုယ်က ကားပေးတယ် ဒီလိုနဲ့ နေ့ရက်တွေ ကုန်လာပီး ညီမလေးဆယ်တန်း ကျွန်တော် တက္ကသိုလ် ကျောင်းပီးတော့ STARမှာ အလုပ်ဝင်ခဲ့တယ်
ဒါကတော့ ကိုယ့်အဒေါ်ကြောင့် ညဘက် စာပြတယ် ဘာလို့ ဆို ကျောင်းဆရာဖြစ်စေချင်တဲ့အမေကြောင့်
ဘာကြောင့်များ ကျွနါတော့ဆန္ဒကိုမမေးကြတာလဲ
VOUS LISEZ
IN AIR SYSTEM(Completed)
Roman d'amourအမျိုးမျိုးချုပ်ချယ်မှုတွေကြောင့် လွတ်လမ်းရှာနေတဲ့ လေလွင့်တစ်ယောက် SYSTEMနဲ့ ချိတ်မိတဲ့အခါ ဘာဆက်ဖြစ်မှာလဲ