ဟွမ်မင် သူရှေ့ က ချောက်ကြီးကို ကြည့်ကာ စိတ်ထဲ အော်ဟစ်နေမိလေသည်။ရှင်းယွမ်ဟာလည်း ကြောက်လန့်ကာ ငိုမဲ့မဲ့ဖြစ်နေလေသည်။အရံဇာတ်ကောင်ဆိုတာ ဒီလိုပဲ ကံဆိုးသူသွားရာ မိုးလိုက်လို့ ရွာ ဆိုသလိုပဲ။ ခုလည်း သေမှာစိုးလို့ ပြေးပါတယ်ဆို ချောက်နဲ့မှ လာတိုးနေတော့။
*သောက်ကျိုးနည်း logic ကြီး *
"ဘယ် ဘယ်လို လုပ်ကြမလည်း ဟွမ်မင် "
တုန်ရီစွာ ထွက်ပေါ်လာတဲ့ ရှင်းယွမ်အသံတွေမှာ ကြောက်လန့် စိုးရိမ်မှုအပြည့်။ ဟွမ်မင် နောက်ကို တစ်ချက်လှည့်ကြည့်မိတော့ တဖြေးဖြေး နီးလာပြီ ဖြစ်တဲ့ လုပ်ကြံသူများကြောင့် စိတ်ညစ်သွားရလေသည်။ မူလ ဇာတ်ကြောင်းတွင် သူတို့ နှစ်ယောက် ထိုလုပ်ကြံသူတွေကြောင့် ချောက်ထဲကျ ကာ ဟွမ်မင်က သေဆုံးသွားခဲါသော်လည်း ရှင်းယွမ်က ကယ်တင်သူတွေ့ ကာ လေးနှစ်ကြာ မေ့မျောနေပြီးမှ သတိရကာ တိတ်တဆိတ် ရှင်သန်သွားတာ ဖြစ်လေသည်။ဟွမ်မင် ဟာလည်း ဒီတိုင်းပြုတ်ကျရင် ကိုယ်ဝန် ထိခိုက်ြ ပီး အသက်ရှင်နိုင်ပေမ
ယ့် လက်မောင်းက သွေးထွက်လွန်တာရော ချောက်မှာရပ်နေတုန်း အဆိပ်မြှားမှန်တာရော ပေါင်းကာ ဂိသွားတာဖြစ်လေသည်။ သို့ သော် ခုတော့ အဲ့လို အဖြစ်မခံနိုင်ပါ ။"ရှင်းယွမ် ငါတို့  ခုန်ချကြမယ် "
"ဟင့်အင် ခုန်ချရင် သေမှာပေါ့ "
"ဟုတ်တယ် ဒီမှာ ရပ်နေလည်း သေမှာပဲ "
*ဖုန်းဝမ် ငါခုန်ချတဲ့အခါ ကလေးကို မထိခိုက်စေနဲ့  ရလား *
[point 500ပါ ]
*ကျစ် ပေးတယ် *
ဖုန်းဝမ်ကို ပြောပြီးတာနဲ့  တစ်ခါတည်း ရှင်းယွမ်ကို ဆွဲကာ ချောက်ထဲခုန်ချလိုက်လေတော့သည်။ ထိုအချိန် မြင်းစုစုနဲ့  ရောက်လာတဲ့ လုပ်ကြံသူတွေဟာ ဟွမ်မင်တို့  ခုန်ချလိုက်သည်ကို အံ့သြသွားသလို ခုန်ချသွားတဲ့သူတွေကို သေမသေ ငုံ့ ကြည့်ကာ အသိပြုလေသည်။သို့ သော် နက်တာကြောင့် ဘာကိုမှ မမြင်ရချေ။
YOU ARE READING
IN AIR SYSTEM(Completed)
Romanceအမျိုးမျိုးချုပ်ချယ်မှုတွေကြောင့် လွတ်လမ်းရှာနေတဲ့ လေလွင့်တစ်ယောက် SYSTEMနဲ့ ချိတ်မိတဲ့အခါ ဘာဆက်ဖြစ်မှာလဲ