Leo ထိုနေရာကို ရောက်တော့ သားကောင် ဂြိုလ်သားတွေ ဝိုင်းနေတာကို တွေ့ လိုက်ရတယ် သူ့ ရဲ့  Alphaဟော်မုန်းနဲ့  ဖိနှိပ်လိုက်တော့ တစ်ချို့ က ထွက်ပြေးကုန်ကြပေမယ့် တစ်ချို့ ကတော့ ကျန်နေခဲ့ပြီး ရန်မူကြတယ်
Robinတို့  လာမသမျှ အားလုံးနဲ့ တိုက်ခိုက်နေရတာကြောင့် ပင်ပန်းလှပြီးဖြစ်တယ် ထို့အချိန် Alphaဟော်မုန်း နံ့ တစ်ခုက ဖိနှိပ်လာတာကြောင့် တစ်ချို့ ကထွက်ပြေးကုန်ကြကာ တစ်ချို့ က သူတို့သုံးယောက်ကို ဝိုင်းထားတုန်း ဖြစ်တာကြောင့် ထိုဟော်မုန်းပိုင်ရှင်ကို မမြင်ရသေးပေ ဟော်မုန်းနံ့ က သူ့ကို အနည်းငယ် သက်သာသွားစေသလို ခံစားရတယ် ဖိနှိပ်ထားတာကြောင့် Omegaဖြစ်တဲ့ သူရော Hallyပါ ခြေမခိုင်ပဲ လှဲကျသည်ထိပင်
Leo ခေါ်လာတဲ့အဖွဲ့ က သားကောင်တွေနဲ့ တိုက်ခိုက်ကြလေတယ် ဂြိုလ်သားတွေကတော့ Leoကို ကြောက်တာကြောင့် နောက်ဆုတ်ပြေးကြလေပြီဖြစ်တယ် Leoသည် ဂြိုလ်သားသွေးတစ်ဝက်ပါတာကြောင့်ပင်
Hally တွက် ဟော်မုန်းနံ့ က သိပ်မပြင်းပေမယ့် ခုမှလုံးလုံး omegaအဖြစ်ပြောင်းနေတဲ့ Robinတွက်ကတော့ အရမ်းပြင်းထန်လေတယ် ဒါကြောင့် သတိပင်လစ်သွားလေတော့တယ် Lucasကတော့ ဓားရှည် ကို ကိုင်ကာ တခြားသူတွေ အနားကပ်မရအောင် ကာကွယ်ပေးထားလေတယ်
"ခေါင်းဆောင် ခေါင်းဆောင် "Hally က Robinကို ခေါ်နိုးပေမယ့် နိုးမလာတော့ Leo က အခြေအနေကို သဘောပေါက်စွာ ဟော်မုန်းနံ့ တွေကို ပြန်သိမ်းလိုက်လေတယ်
"ငါက ချီယူဇို human station က ခေါင်းဆောင် Leo မင်းတို့ ဒီမှာ ဆက်နေရင် ဘာဆက်ဖြစ်မလည်း သိပါတယ်နော် မလိုက်ချင်ရင် အတင်းမခေါ်ဘူး ဒါပေမယ့် မင်းတို့ ခေါင်းဆောင်ကတော့ ဆေးကုသဖို့  လိုနေပုံပဲ "
"ကောင်းပြီး ငါတို့ လိုက်ခဲ့မယ် " Lucas က ပြောလာကာ ခေါင်းဆောင်ကို တွဲဖို့လုပ်ပေမယ့် Leo ဆိုတဲ့သူက Hally လက်ထဲက ခေါင်းဆောင်ကို မင်းသမီးလေးလို ပွေ့ ချီသွားလေတော့တယ် ဒါကြောင့် သူ့ လည်း Hally ကို ကူတွဲကာ ထိုလူတွေနောက် လိုက်ခဲ့လေတော့တယ်
YOU ARE READING
IN AIR SYSTEM(Completed)
Romanceအမျိုးမျိုးချုပ်ချယ်မှုတွေကြောင့် လွတ်လမ်းရှာနေတဲ့ လေလွင့်တစ်ယောက် SYSTEMနဲ့ ချိတ်မိတဲ့အခါ ဘာဆက်ဖြစ်မှာလဲ