လင်ဟွားရေကန် ၏မျက်နှာ သုံးဘက်သည် ရေများ လွှမ်းနေပြီး ဖုန်းချန် မြို့ နှင့် ထိစပ်လျက်ရှိသည်။ ကျန်တစ်မျက်နှာမှာ ကျွန်းစုလေး တစ်ခု နှင့် လင်ဟွားရေကန်ကို အဆုံးသတ်စေ၏။
ရေနစ်သူကို ကယ်ရင်း ရေ ကူးဖို့  အချိန်နည်းသည့် ကျွန်းစုကို ဇီကျွင်း ရောက်လာခဲ့သညိ။ထို့ နောက် မြေပြင်တွင် ထိုအလှလေးကို ချထားရင်း အမောဖြေလိုက်တော့သည်။
အလှလေး ဟု ခေါ်ရလောက်အောင် ထိုသူက မသေမျိုးနတ်မိမယ် တွေလိုပင်။ထိုအလှကို ကြညိ့ပြီး အမောပြေလောက်သော်လည်း သူ့ အစီအစဉ် ပျက်ယွင်းသွားရသည်ကြောင့် အဆင်မပြေစွာ စိတ်ပင်ပန်းရလေသည်။
ယွဲ့ ကွမ်း ဓားသည် သန့်စင်သော ဝိညာဉ် နှင့် ပေါင်းစည်းသွားတဲ့အခါ မဖျက်စီးပြစ်နိုင်ရင် ဖျက်စီးရန် နည်းမရှိတော့။ထိုဓားက ဝိညာဉ် ပိုင်ရှင် ဆင့်ခေါ်မှ ထွက်ပေါ်လာလိမ့်မည်။ဝိညာဉ်ပိုင်ရှင်ကို သတ်ပြစ်မည် ဆိုလျှင်လည်း ကောင်းကင်ကျိန်စာ သင့်ပြီး ပြန်လည်ဝင်စားခွင့်မရှိတဲ့  ဝိညာဉ်အဖြစ် သုံးလောကကြားက သေခြင်း ရှင်ခြင်း မရှိသည့် နယ်ပယ်တွင် ထာဝရ နေထိုင်သွားရလိမ့်မည်။စိတ်ခံစားချက်တွေကို ဖျက်စီးခံပြီးတော့ပေါ့။
"ဟင်း …… ငါ့မှာ လုပ်စရာတွေ ရှိနေသေးလို့  မင်းကံကောင်းသွားတယ် မင်းကို ကယ်တဲ့ ကျေးဇူးကို ငါတစ်နေ့  ပြန်ယူမယ် "
ဇီကျွင်း တစ်ကိုယ်တည်း ပြောဆိုရင်း ထိုင်နေရာက ထကာ ပျောက်ကွယ်သွားလေတော့သည်။ဇီကျွင်း မသိတာက သူ့ အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အရာတစ်ခု ကျကျန်ရစ်ခဲ့သည် ဆိုတာ။
လင်ဟွားရေကန်တွင် နန်းတွင်း စစ်အရာရှိများ စုဝေးကာ တစ်စုံတစ်ယောက်ကို အသည်းအသန် ရှာဖွေနေလေသည်။
"ရှာတွေ့ ပြီလား "
"မတွေ့ သေးပါဘူး အရှင့်သား "
"မတွေ့ မချင်း မရပ်နဲ့  ပြီးတော့ မြန်မြန်ရှာ ချန်အာ အပြင်ထွက်တတ်သူ မဟုတ်လို့  ကြောက်နေလိမ့်မယ် "
ВЫ ЧИТАЕТЕ
IN AIR SYSTEM(Completed)
Любовные романыအမျိုးမျိုးချုပ်ချယ်မှုတွေကြောင့် လွတ်လမ်းရှာနေတဲ့ လေလွင့်တစ်ယောက် SYSTEMနဲ့ ချိတ်မိတဲ့အခါ ဘာဆက်ဖြစ်မှာလဲ