တစ်လဆိုတဲ့အချိန်ဟာ တစ်ခနအတွင်းကုန်ဆုံးသွားခဲ့တယ် မနက်ဖြန်ဆို 'Dream ' အမည်ရ ကိုးရီးယား အဆင့်မြင့်ကိုယ်ပိုင်တက္ကသိုလ်ကို သွားရတော့မည်ဖြစ်တယ်
"သား မားပြောမယ်နော် ကျောင်းမှာ လိမ်လိမ်မာမာနေ ရန်မဖြစ်နဲ့ ပီးတော့စီနီယာတွေကို ရိုသေနော် တစ်ခုခုလိုရင် ချက်ချင်းဖုန်းဆက် ကျောင်းကအစားအစာမကြိုက်ရင်လည်းပြော မားချက်ပီး လာပို့ပေးမယ်"
"အွန်းပါ အိုးမားရဲ့  သားက လိမ်မာပါတယ်နော် အဲ့တာဆို လိုအပ်တာလေးသွားဝယ်လိုက်အုံးမယ် "
"မင်္ဂလာပါ အန်တီ ဦလေး "
ဝန်ယော မင်ဆော့နဲ့ အတူ ဈေးဝယ်ထွက်ဖို့ လာခဲ့တယ်
"လာပါအုံး အန်တီရဲ့  ဝန်ယောလေး မွ "
နဖူးပေါ်ရောက်လာတဲ့အနမ်းတစ်ပွင့် ဝန်ယော ရင်ထဲနွေးထွေးမှုအပြည့် မိဘဆီက မရတဲ့  မေတ္တာဟာ ဒီမိသားစုလေးဆီကရလေတယ်"ရော့ ဒီမှာ မုန့်ဖိုး လိုတာအကုန်တာ ဝယ်ခဲ့ကြ အိုမား သားတို့ မနက်ဖြန်ယူသွားဖို့  အခြောက်အခြမ်းတွေပြင်လိုက်အုံးမယ် "
မင်ဆော့နဲ့ ဝန်ယောလည်း ဈေးဝယ်စင်တာထဲဝင်ကာ စိတ်ကြိုက်ဝယ်ကြလေတယ်
" မင်ဆော့ ငါတို့ ဆံပင်အရောင်ဆိုးကြမလား "
ဒါနဲ့ပဲ သူတို့နှစ်ယောက် ဆံပင်အရောင်ပြောင်းလဲလိုက်ကြတယ်
မင်ဆော့က အညိုရောင်ဖျော့ဖျော့လေးကိုမှ အဖျားမှာ ငွေရောင်ထပ်လေတယ် ဝန်ယောကတော့ ငွေရောင်ကိုဆိုးလိုက်ကြတယ် နှစ်ယောက်လုံး ချစ်စရာ cute boy ပုံစံလေးပိုပေါက်သွားတယ် ဂျစ်ကန်ကန်လေးတွေပေါ့ကိုးရီယားနိုင်ငံအပြည်ပြည်ဆိုင်ရာလေဆိပ် တရုတ်မှပျံသန်းဆင်းလာသော လေယာဉ်ပေါ်မှဆင်းလာတဲ့ မျက်နှာတည်တည်နဲ့ လူငယ်တစ်ယောက် ထိုလူငယ်ဟာ အရပ်6'ကျော်အရပ်နဲ့  မြင်သူတိုင်း သမင်လည်ပြန်ငေးရလောက်အောင် ခန့်ညားသူဖြစ်တယ်
ထိုလူငယ်နား အသက်40နီးရှိတဲ့  လူတစ်ယောက်ရောက်လာကာ " သခင်လေး သခင်မကြီး စောင့်နေပါတယ်ကြွပါ"
ထိုလူကိုခေါင်းငြိမ့်ပြကာ ကားပေါ်တက်ထိုင်လိုက်တယ်
ကားပေါ်ရောက်တော့ "သခင်လေး ဟိုကိုသွားအုံးမလား"
YOU ARE READING
IN AIR SYSTEM(Completed)
Romanceအမျိုးမျိုးချုပ်ချယ်မှုတွေကြောင့် လွတ်လမ်းရှာနေတဲ့ လေလွင့်တစ်ယောက် SYSTEMနဲ့ ချိတ်မိတဲ့အခါ ဘာဆက်ဖြစ်မှာလဲ