ဘန်ဝမ် ဟွန်းဂျန်ဆီက ဆက်သွယ်မှု ရရှိပြီးနောက် နေ့တစ်ဝက်ခွင့်ယူကာ ထွက်လာခဲ့သည်။နောက်က တောက်လျှောက် လ်ုက်လာတဲ့ ကားကို သတိထားမိပေမယ့် ဘန်ဝမ် လျစ်လျူရှုထားလိုက်လေသည်။လူသတ်သမားက သူပါဝင်လာမှာက်ုတော့ သိထားပြီး လ်ုက်နေတာတော့ မဖြစ်နိုင်ဘူးလေ။
မှုခင်းဌာနကို ရောက်သွားတော့ အရင် ဟွန်းဂျန်ဆီ ဖုန်းဆက်လိုက်လေသည်။ဟွန်းဂျန်က ဌာနအပြင်ဘက်ကို ထွက်ကာ ဘန်ဝမ်က်ု လာခေါ်ပေးပြီး သူ့အဖွဲ့ သားတွေနဲ့ မိတ်ဆက်ပေးလေသည်။ထို့ နောက် အမှုနဲ့  ဆက်စပ်အမှုတွေအကြောင်းကို ရှင်းပြလေ၏။
"မင်းလည်း သိပြီးလောက်ရောပေါ့ လက်ရှိအမှုအကြောင်းကို ခက်တာက အခုအသတ်ခံရသူက အရင် ဝန်ကြီးဟောင်းရဲ့  မြေးဖြစ်နေတယ် သူတို့ က တရားခံကို ဖမ်းမိဖို့ အတင်းဖိအားပေးနေကြတယ် ဟင်း တရားခံက သိပ်ပိရိလွန်းတယ် ဘာသက်သေမှ မချန်ထားဘူး ဟူး…………"
"ကောင်းပြီ ဒါဆို ငါ့ကို မှုခင်းဆရာဝန် ကို တွေ့ ဖို့ ခေါ်သွားပေး အလောင်းကို ခနကြည့်ပြီး တရားခံရဲ့  စ်တ်အခြေအနေက်ု တစ်ချက်စစ်ကြည့်ရအောင် "
"ok ဒီအမှုအချက်အလက်တွေက မင်းကြည့်ဖို့  တရားခံကို အမြန်ဖမ်းမိချင်တာ ဒါမှ ပြည်သူတွေ ထိပ်လန့်တာကို ရပ်တန့်ပေးနိုင်မယ် "
"အင်း ဟွန်းဂျန် ငါအကောင်းဆုံး ကူညီပေးမှာပါ "
ဟွန်းဂျန်နဲ့  ဘန်ဝမ် ရောက်တော့ မှုခင်းဆရာဝန်က အလောင်းအခြေအနေကို သေချာပြောပြပြီး ရှင်းပြလေသည်။ ဘန်ဝမ် အလောင်းရဲ့  ရုပ်ပျက်မှုကို ကြည့်ကာ အန်ချင်စိတ်ပင် မနည်းထိန်းထားရလေသည်။
"ကျွန်တော် တစ်ကိုယ်လုံး ပြန်ဆက်ကြည့်ထားတာပဲ ဒီလက်ချောင်းနေရာမှာ လိုနေတယ် "
မှုခင်းဆရာဝန် စကားကြောင့် ဟွန်းဂျန်ရော ဘန်ဝမ်ပါ လက်နေရာကို ကြည့်လိုက်တော့ လက်သကြွယ် လိုနေတာ တွေ့ လိုက်ရလေသည်။
"သူမမှာ မိဘချင်း သဘောတူထားတဲ့သူနဲ့  စေ့စပ်ထားတယ် သူမ လက်စွပ်ဝတ်ထားမှာပဲ ဒါပေမယ့် သူမပစ္စည်းတွေထဲ မပါဘူး "
YOU ARE READING
IN AIR SYSTEM(Completed)
Romanceအမျိုးမျိုးချုပ်ချယ်မှုတွေကြောင့် လွတ်လမ်းရှာနေတဲ့ လေလွင့်တစ်ယောက် SYSTEMနဲ့ ချိတ်မိတဲ့အခါ ဘာဆက်ဖြစ်မှာလဲ