တစ်လအချိန်ကြာခဲ့ပြီဖြစ်သော်လည်း ဘာမှထွေထူးမလာခဲ့ပေ။ကွင်းဆက်လူသတ်မှုရဲ့  တရားခံဟာ လွတ်မြောက်နေဆဲ။ဘန်ဝမ် တရားခံကို သိနေပြီဖြစ်သော်လည်း သက်သေရှာမရ၍ ဘာမှမလုပ်နိုင်။ထိုအချိန် ဟွန်းဂျန်နဲ့  ယူမင်ရဲ့  ဆက်ဆံရေး တိုးတက်နေပြီဖြစ်သည်။ဘန်ဝမ်ရဲ့  ဖုန်းထဲ ချိန်းခြောက်စာကတော့ မပျက်ခဲ့။ ဒီဇာတ်ကြောင်းထဲက နစ်နာသူဖြစ်တဲ့ ဒုံမန်ရဲ့  စိတ်အခြေအနေဟာလည်း တိုးတက်လာခဲ့သည်။ခုဆို ဒုံမန်နဲ့ ပင် ဘန်ဝမ်အတော် ရင်းနှီးနေပြီ။
"မင်းပြောနေတာက သက်သေမှ မရှိပဲ "
"မင်းမယုံဘူးပဲ ထားပါလေ ငါကတော့ သူငယ်ချင်းတစ်ယောက်အနေနဲ့  ပြောသင့်တာရော မပြောသင့်တာပါ ပြောပြီးပြီး ဘယ်လိုဆက်လုပ်မလဲဆိုတာက မင်းသဘောပေါ့ ဟွန်းဂျန် "
"ဘန်ဝမ် ငါအဲ့လိုသဘောမဟုတ် ဒါပေမယ့် ဘာသက်သေမှ မရှိဘူးလေ မြောင်ယူ က အဲ့လိုလူမျိုး မဖြစ်နိုင်ပါဘူး "
"မင်းပဲ သေချာစဉ်းစားကြည့်ပါ အသတ်ခံရသူမှန်သမျှ မင်းနဲ့ တစ်နည်းနည်း ပတ်သပ်နေသူတွေပဲ မြောင်ယူကတော့ ခုချိန်ထိ ဘေးကင်းနေတုန်းပဲ ငါကတော့ မြောင်ယူက အဲ့လောက်မရိုးရှင်းဘူး "
ရုံးခန်းထဲစကားပြောနေတဲ့ စကားပြောနေတဲ့ လူနှစ်ယောက်ဟာ အပြင်မှာ ရောက်နေတဲ့ မြောင်ယူကို သတိမထားမိကြပေ။မြောင်ယူ သူ့ကို သံသယဝင်နေမှန်း သိသွားသော အောက်နူတ်ခမ်းကို အသာကိုက်လ်ုက်မိသည်။ထိုအချိန် ဟွန်းဂျန်နဲ့  ဘန်ဝမ် စကားပြောပြီး အခန်းထဲက ထွက်လာလေသည်။ မြောင်ယူ ဘာမှမသိသလို ဟန်ဆောင်လိုက်ကာ
"အစ်ကိုဟွန်း နဲ့  အစ်ကိုဘန်ဝမ် "
ဟွန်းဂျန်က မြောင်ယူ သူတို့ ပြောတာကြားသွားလား အကဲခတ်ကြည့်ပေမယ့် မြောင်ယူက ဘာမှသ်ပုံမပေါ်တာကြောင့် စိတ်အေးသွားရသည်။ဟွန်းဂျန်ကတော့ မရိပ်မိပေမယ့် ဘန်ဝမ်ကတော့ မဟုတ်။ကမ္ဘာများစွာကို ဖြတ်သန်းလာသူဖြစ်တဲ့အတွက် အကဲခတ်တဲ့နေရာမှာ ဆရာတစ်ဆူဖြစ်နေတာကြောင့် မြောင်ယူ ဟန်ဆောင်နေတာမှန်း ချက်ချင်းသိလိုက်သည်။
YOU ARE READING
IN AIR SYSTEM(Completed)
Romanceအမျိုးမျိုးချုပ်ချယ်မှုတွေကြောင့် လွတ်လမ်းရှာနေတဲ့ လေလွင့်တစ်ယောက် SYSTEMနဲ့ ချိတ်မိတဲ့အခါ ဘာဆက်ဖြစ်မှာလဲ