တထျန်းပြည် ရဲ့  နန်းမြို့ တော် ဖြစ်တဲ့ ဖုန်းချန် သည် လူတိုင်းကို ဆွဲဆောင်နိုင်သည့် နေရာတစ်ခု ဖြစ်၏။ နေ့ ချိန်တွင် ဈေးရုံများ၌ ဒေသအသီးသီးက လူတွေလာ ရောက်ကာ ရောင်းခြင်းဝယ်ခြင်း ကုန်ဖလှယ်ကြပြီး ညအချိန်တွင် အနီရောင် တောက်ပသော မီးရောင်များ ထွန်းညှိပြီး လူငယ် ချင်း နီးစပ်ခွင့်ရကြသည့် မီးရှုပွဲ ရှိလေသည်။
မီးရှုပွဲ ဟု ဆိုသော်လည်း ပြဇာတ် ကြည့်ခြင်း လင်ဟွားရေကန်၌ လှေစီးခြင်း ညဈေး နိမိတ်ကြည့်ခြင်း(ဗေဒင် ) ဖူးစာဆုတောင်းခြင်း များလည်း ပါဝင်လေသည်။ ထိုအရာအားလုံးကို အနီရောင် မီးများအောက်တွင် စိတ်လှုပ်ရှားစွာ ပါဝင်ဆင်နွှဲနိုင်လေသည်။
"ချန်အာ ကောတို့  လှေသွားစီးကြမလား "
ပိုးထည်ဝတ်ရုံနှင့် ချောမောပြီး ဥပတိရုပ်ကောင်းကောင်းနဲ့  လူငယ်က သူ့ ဘေးက ခေါင်းတစ်လုံးစာလောက် နိမ့်တဲ့ မျက်နှာကို ချည်ပုဝါအဖြူ လွလွ ဖြင့် အုပ်ထားတဲ့ ဝါသယောင် ညိုသယောင် ရှိနေပြီး လှပတဲ့ မျက်ဝန်းပိုင်ရှင်ကို မေးလိုက်သည်။
"အင်း ကောသဘောပါ " ပြတ်သားအေးစက်စွာ ပြန်ဖြေလိုက်တဲ့ လူငယ်ရဲ့  အသံမှာ အလိုမကျမှု အနည်းငယ် ပါဝင်နေလျက်။သို့ သော် တစ်ဖက်လူရဲ့  လျစ်လျူ ရှု ခြင်း နဲ့ အတူ လှေစီးရန် လိုက်ပါသွားရလေသည်။
လင်ဟွား ရေကန်ကို ရောက်တော့ ကမ်းစပ်တွင် ကပ်ထားတဲ့ အမျိုးမျိုးသော အလှဆင်ထားတဲ့ လှေငယ်များကို တွေ့ မြင်နိုင်လေသည်။ပိုင်ဖေး သည် လှေတစ်စင်းပေါ် အရင်တက်လိုက်ကာ ချန်အာ ဆီသို့  လက်ကမ်းပေးလိုက်လေသည်။
"ဂရုစိုက် " လို့ လည်း နူးညံ့စွာ ပြောလိုက်သေး၏။
ပိုင်ဖေး ကမ်းပေးလာတဲ့ လက်ကို အနည်းငယ် တွန့် ဆုတ်နေရင်းမှ ချန်ယွဲ့  သူ့ လက်ကို ထည့်ပေးလိုက်လေသည်။ပိုင်ဖေး အကူအညီဖြင့် ချန်ယွဲ့  လှေပေါ်ရောက်ကာ ထိုင်စရာနေရာတွင် ထိုင်လိုက်သည်နှင့် စတင်လှော်ခပ်သွားလေတော့သည်။ ရေပြင်ထက်မှ ကြာပန်းတို့ ၏ အလှကို တောက်ပစွာ ဖြာကျနေတဲ့ လရဲ့  ညအလင်းက ပံ့ပိုးထား၍ အတော်ပင်ကဗျာဆန်လှ၏။ထို့ ကြောင့် လင်ဟွား ရေကန် တွင် လှေစီးခြင်းကို စုံမက်နေသူတွေသာ များတတ်သည်။
YOU ARE READING
IN AIR SYSTEM(Completed)
Romanceအမျိုးမျိုးချုပ်ချယ်မှုတွေကြောင့် လွတ်လမ်းရှာနေတဲ့ လေလွင့်တစ်ယောက် SYSTEMနဲ့ ချိတ်မိတဲ့အခါ ဘာဆက်ဖြစ်မှာလဲ