ဟွမ်မင်သည် အချိန်အတော်ကြာ ယဲ့ကွမ်းကို ဖက်ကာ ငိုယိုပြီး ပင်ပန်းစွာ အိပ်ပျော်သွားလေတော့သည်။ ယဲ့ကွမ်း ဟွမ်မင်ကို ပွေ့ ချီကာ အိပ်ခန်းထဲ နေရာချပေးလိုက်ပြီး ဟွမ်မင်ရဲ့  ဗိုက်ဖောင်းဖောင်းလေးကို ထိတွေ့ မိလေသည်။ရင်ထဲ နွေးထွေးတဲ့ ခံစားမှုကြောင့် ယဲ့ကွမ်း မျက်ရည်ကျမတတ် ပျော်ရွှင်သွားမိသည်။ ထို့ နောက် သူလည်း ပင်ပန်းစွာ ဟွမ်မင်ဘေးတွင် အိပ်ပျော်သွားခဲ့လေသည်။
နောက်နေ့ မနက်စောစော နိုးလာသူသည် ယဲ့ကွမ်း ဖြစ်လေသည်။သူ့ ရင်ခွင်ထဲတွင်လည်း ဟွမ်မင်ဟာ နှစ်ခြိုက်စွာ အိပ်မောကြလျက် ရှိလေသည်။ဟွမ်မင်ရဲ့  အိပ်နေတဲ့ ပုံလေးက ယဲ့ကွမ်းကို အသည်းယားစေသည်။ရှည်လျားတဲ့ မျက်တောင် နီသယောင်ထင်ရတဲ့ နှာထိပ် လေးနဲ့  ဟစိဟစိ ဖြစ်နေတဲ့ နူတ်ခမ်းပါးတစ်စုံ ကို ကြည့်ရင်း ယဲ့ကွမ်း စိတ်ထဲ မရိုးမယွ ဖြစ်နေမိသည်။သို့ သော် ထိန်းချုပ်ထိန်းစွမ်းမရှိတဲ့ နောက် ယဲ့ကွမ်း နှာထိပ်လေးကို ခပ်ဖွဖွလေး နမ်းရှိုက်လိုက်ပြီး နူတ်ခမ်းပါးတွေကိုပါ အလွတ်မပေး နမ်းရှိုက်လိုက်လေသည်။ကျေနပ်တဲ့ချိန်မှ လွတ်ပေးလိုက်ပြီး ဟွမ်မင်မနိုးစေရန် ထလာခဲ့လေသည်။ ထို့ နောက် စီစဉ်စရာတွေကို စီစဉ်ရလေတော့သည်။
ဟွမ်မင် တကယ့်အိပ်နိုင်လွန်းတဲ့ သူလေးအား အသည်းတယားယားပင်။ ခုနေ ဗိုက်ဖောင်းမနေပါက သေးသွယ်တဲ့ကိုယ်လုံးလေးကို စိတ်လွတ်ကြမ်းရမ်းမိပေလိမ့်မည်။နန်းတော်ပြန်ရန် အဆင့်သင့်ပြင်ခိုင်းလိုက်ပြီး ဟွမ်မင်ကို မနိုးတော့ပဲ ခေါ်ဆောင်သွားခဲ့လိုက်လေသည်။
ရှောင်တိုင်းပြည်တွင် ပြည်သူများ အခွန်ငွေ တိုးလာသည့်တွက် ရှောင်ဘုရင်အပေါ် မကျေနပ်ကြ။သို့ အပြင် ကြင်ယာတော်လှဲလှယ်လိုက်တဲ့အတွက်ကြောင့်လို့  သိလိုက်ရတော့ ဒေါသထွက်ကြလေသည်။ ဟွမ်အိမ်တော် က ကောင်းယဲ့ကွမ်းရဲ့  မျက်နှာကြောင့် ဘယ်သူမှ မလွန်ဆန်ရဲ။
ယဲ့ကွမ်း အိပ်မောကြနေတဲ့ ဟွမ်မင်ကို အသာပွေ့ ချီကာ သူ့ အိပ်ဆောင်ကိုသာ ခေါ်သွားခဲ့လေသည်။ယဲ့ကွမ်းရဲ့  လူတစ်ယောက်အပေါ် နူးညံ့ နေတာကို ကြည့်ကာ ချောင်မေ မျက်ခုံးပင့်ကာ အံ့သြသွားရလေသည် ။ သူမ နည်းတူ ကောင်းဖုန်းလင်ဟာလည်း အ့သြသွားရသလို ယဲ့ကွမ်း ရဲ့  အားနည်းချက် ကိုသာ သိရှိလို့ သွားလေသည်။
YOU ARE READING
IN AIR SYSTEM(Completed)
Romanceအမျိုးမျိုးချုပ်ချယ်မှုတွေကြောင့် လွတ်လမ်းရှာနေတဲ့ လေလွင့်တစ်ယောက် SYSTEMနဲ့ ချိတ်မိတဲ့အခါ ဘာဆက်ဖြစ်မှာလဲ