ငါသိသားပဲ လူတစ်ယောက်စရိုက်နှစ်မျိုးဖြစ်နိုင်ပေမယ့် ငါ့ချစ်သူသာဆို စရိုက်နှစ်ခုလုံးက သေချာပေါက် ငါ့ကို ဂရုစိုက်လိမ့်မည်။
[အရမ်းတွေ သေချာနေတာပဲနော် ]
ဒါပေါ့ Relationship တစ်ခုမှာ ယုံကြည်မှုက အဓိကပဲလေ တစ်ယောက်ပေါ်တစ်ယောက် ယုံကြည်မှုမရှိရင် RS တစ်ခုဖြစ်လာမှာမဟုတ်ဘူး
[သြော် …… ]
နောက်နေ့ တွေမှာတော့ ဖေးရှန်ဟာ အိမ်တော်မှာပဲ နေဖြစ်လေသည်။ထိုအခါ သူသတိထားမိတာက ကျန်းချိန် သူ့ အနားရောက်မလာဘူးဆိုတာပင်။ဖေးရှန် ကျန်းချိန်ရဲ့  လျစ်လျူရှူမှုကို မခံနိုင်တာကြောင့် ကျန်းချိန် ရှေ့  ရောက်ရောက်သွားတတ်လေသည်။
"အားလုံး ကျွန်တော် ပြောစရာရှိပါတယ် "
လုရွှမ်းက ဧည့်ခန်းထဲ အားလုံးကို ဖိတ်ကြားကာ ဆိုလာလေသည်။
"အရင်ဆုံး ကျန်းသခင်လေးအပေါ် ကျူးလွန်ခဲ့တာတွေတွက် တောင်းပန်ပါတယ် ခွင့်လွှတ်ပေးဖို့  တောင်းပန်တာမဟုတ်ပါဘူး ခွင့်မလွှတ်နိုင်မှန်း ကျွန်တော်သိပါတယ် ကလေးဖခင်နေရာကိုလည်း တာဝန်မယူခဲ့တာကြောင့် "
"ဟင်း ယဲ့တတိယသခင်လေး ငါ မင်းကို ခွင့်လွှတ်ပေးနိုင်ပါတယ် ငါ့အပေါ် လုပ်ခဲ့တာတွေတွက်ပေါ့ ဒါပေမယ့် ငါ့ကလေးပေါ် မင်းဆက်ဆံခဲ့တာတွေတွက် ငါခွင့်မလွှတ်နိုင်ဘူး ဘယ်လိုပဲဖြစ်နေပါစေ ကလေးရဲ့ ဖခင်က မင်းဖြစ်နေတာမို့  မင်းက သူ့ အဖေရင်းဆိုတာကို သူ့ကို ပြောပြပေးမှာပါ ပြီးတော့ ရန်ညိုးမထားဖို့ ကိုရော"
"တ တကယ်လား ကျေး ကျေးဇူး ပါ "
"မလိုပါဘူး ငါတို့ က မိသားစုတွေပဲကို "
ကျန်းချိန် ထိုစကားကို ဖေးရှန်ကို ကြည့်ကာ ပြောလိုက်လေသည်။အခုဆိုရင် ဖေးရှန်နဲ့  သူ အိပ်ခဲ့အကြောင်းကိုလည်း အားလုံးသိသွားခဲ့ကြပြီဖြစ်သလို ဖေးရှန်နဲ့  ဖေးချင်က အမြွှာတွေဆိုတာကိုပါ သိသွားပြီဖြစ်သည်။ယဲ့သခငိမကြီးကတော့ ဖေးရှန်နဲ့  သူ အိပ်တဲ့ကိစ္စကို အပြစ်တင်ချင်ပေမယ့် ဖေးချင်ကို ပြန်တွေ့ ရလို့  ဝမ်းသာကာ နေတော့သည်။
YOU ARE READING
IN AIR SYSTEM(Completed)
Romanceအမျိုးမျိုးချုပ်ချယ်မှုတွေကြောင့် လွတ်လမ်းရှာနေတဲ့ လေလွင့်တစ်ယောက် SYSTEMနဲ့ ချိတ်မိတဲ့အခါ ဘာဆက်ဖြစ်မှာလဲ