နန်းတော်တွင်း အပျိုတော် အထိန်းတော်တွေဟာ ဘုရင့်မွေးနေ့ တော်တွက် ပြင်ဆင်နေကြလေသည်။ဘုရင့် မွေးနေ့ တော်နဲ့ အတူ နန်းသွေးကို လူသိရှင်ကြား တိုင်းပြည်အရပ်ရပ်က်ု သိစေမည် ဖြစ်တာကြောင့် တက်ရောက်မည့် ဧည့်သည်တော် ဘုရင် မင်းသား သံတမန်လည်း စည်ကားလျက်။
နဂါးနန်းဆောင်တွင်းတွင် တော်ဝင်ကြင်ယာတော် ကိုယ်တိုင် ဝတ်ရုံဆင်မြန်းပေးခံနေသော ကောင်းထျန်းဝမ်ယဲ့ ဘွဲ့ အမည်ဖြင့် ယဲ့ကွမ်း မျက်နှာထက် အပြုံးတွေဝေလို့ ။သို့ သော် ယဲ့ကွမ်းကို အဝတ်ဆင်မြန်းပေးနေသော တော်ဝင်ကြင်ယာတော် ဟွမ်မင် သည်က နူတ်ခမ်းတလှုပ်လှုပ်နဲ့  မကျေနပ်စွာ ရေရွတ်ပြောဆိုနေလေသည်။
ယဲ့ကွမ်း မိမိကိုယ်တိုင် ရွေးချယ်ထားတဲ့ ကြာပိုးချည် ဝတ်စုံလေးနှင့် မထိရက်အောင် လှပနေသူလေးကြောင့် အသည်းတယားယားပင်။"ဟွန့်  ပြီးပြီ "
"ကိုယ်တော့် မိဖုရားက တော်လိုက်တာ ပြွတ် "
ပြောရင်း နူတ်ခမ်းဆူဆူလေးတွေကို နမ်းရှိုက်လိုက်လေသည်။
"ဟိုရောက်ရင် နေရာမှာပဲ ထိုင်နော် ဘယ်မှမသွားရဘူး ပြသာနာလည်း မရှာနဲ့နော် "
"ဟွန့်  ဘယ်မှာ ပြသာနာ ရှာနေလို့ လဲ ခင်ဗျားကြီး ငြိုငြင်နေတာပဲ ဟင့် "
"အာ… ကိုယ်အဲ့လို သဘောနဲ့ ပြောတာ မဟုတ်မှန်း မင်းလေးသိပါတယ် မငိုနဲ့  ကိုယ်က မင်း အန္တရာယ်ဖြစ် ထိခိုက်မှာ စိုးလို့ ပါနော် "
ဟန်ဆောင်ပန်ဆောင် စိတ်ကောက်ပြနေတဲ့ သူလေးကို ဖက်ကာ ချော့မြူပြောဆိုရလေသည်။စိတ်ပူရပါသည်။ ယဲ့ကွမ်းနှလုံးသားကို အပိုင်သိမ်းထားနိုင်တဲ့ တစ်ဦးတည်းသော သူလေးနဲ့  သူလေးဗိုက်ထဲက မိမိရင်သွေးလေး နည်းနည်းလေးတောင် အထိခိုက်မခံနိုင်။ပွဲဆိုတာက မသမာသူတွေဖို့  အခွင့်အရေးတစ်ခုပင်။
"အင်း ဗိုက်ဆာလိုက်တာ ကြက်ကြော်လေး စားချင်သား ဟီး "
ယဲ့ကွမ်းရင်ခွင်ထဲမှာပင် သူဘာသာ ပြောရင်း သဘောကျနေပါသော ဟွမ်မင်လေးပင်။
YOU ARE READING
IN AIR SYSTEM(Completed)
Romanceအမျိုးမျိုးချုပ်ချယ်မှုတွေကြောင့် လွတ်လမ်းရှာနေတဲ့ လေလွင့်တစ်ယောက် SYSTEMနဲ့ ချိတ်မိတဲ့အခါ ဘာဆက်ဖြစ်မှာလဲ