အချင်းချင်း ပစ်ခတ်တိုက်ခိုက်နေကြတဲ့ Robin ဦးဆောင်တဲ့ ဂျေဗီရဲ့ တပ်မဟာနဲ့  ယူတို အုပ်ချုပ်သူ Wison တို့  တိုက်ပွဲဟာ ပြင်းထန်လို့ နေလေသည်။
Wisonကို အလိုမရှိတဲ့ ယူတိုသစ္စာဖောက်တွေပါ ပါဝင်လာတာကြောင့် ယူတိုဘက်က အခြေမလှ။"တောက် သစ္စာဖောက်တွေကို အရှင်မထားနဲ့  သတ်ပစ်ကြစမ်း "
Wison အမိန့်အဆုံး ယူတိုတပ်သားတွေဟာ သစ္စာဖောက်တွေကို အသေသတ်ပစ်ကြလေသည်။Robin အဖြစ်အပျက်အားလုံးကို ကြည့်ကာ ယူတို ပြည်သူတွက် စိတ်မကောင်းမိ။သို့ သော် သူ့ ခံစားခဲ့ရသမျှကို ယူတိုကို ဖျက်ဆီးပစ်ဖို့ ဆုံးဖြတ်ပြီးသားမို့  ယူတိုနဲ့ ပတ်သတ်သမျှကို ကူညီကယ်တင်ပေးမည်မဟုတ်ပေ။
"Lucas ဘယ်ဘက်ကို ဖောက်ဝင်လိုက် လက်နက်ကြီးတွေကို သေချာရှင်းထုတ်လိုက် Hally ညာဘက်အခြေအနေ ထိန်းထား ငါတို့  ခံစားခဲ့ရသမျှ ငါတို့ရဲ့  ညီနောင်တွေတွက် ယူတို ပြန်ပြီး ပေးဆပ်ခိုင်းမယ် "
Robin အမိန့်ကြောင့် Lucasရော Hally ပါ တိုက်ပွဲဝင်ကြလေတော့သည်။ ထိုတိုက်ပွဲဟာ အချိန် ငါးရက်နဲ့  လေးည ရှိခဲ့ပြီး နှစ်ဖက်စစ်သည်တွေဟာဖြင့် အတုံးအလဲ ကျဆုံးမှုများလေသည်။သို့ သော် နောက်ဆုတ်ဖို့  ဘယ်ဘက်ကမှ အတွေးမရှိ ကြပေ။
အမြဲတမ်းလိုလို ညဏ်ထက်တွေးတော တတ်တဲ့ Robin တစ်ယောက် ဂျေဗီမှာကျန်နေတဲ့ လူတစ်ယောက်ကို မေ့ပျောက်နေခဲ့လေသည်။ထို့ ကြောင့် ဂျေဗီနန်းတော်တွင်း ပုန်ကန်မှု တစ်ခု ဖြစ်ပွားနေလေသည်။ထိုပုန်ကန်မှုကို ဦးဆောင်သူမှာ တစ်ချိန်က အိမ်ရှေ့ စံ ဖြစ်သူ Mike Alexander ပင်။ ဖခင်ကို ကိုယ်တိုင်သတ်ကာ လက်ရှိ အိမ်ရှေ့ စံ Leo Alexanderကို ချောက်ချကာ ပြည်သူတွေကို အယုံသွင်းကာ နန်းတော်ကို အရယူထားလေသည်။
နန်းပလ္လင်ပေါ် ခြေချိတ်ထိုင်ကာ လက်တစ်ဖက်၌သွေးစွန်းနေသော ဓားရှည်ကို ကိုင်ဆောင်ထားကာ နောက်လက်တွင် နန်းတွင်းသုံး တော်ဝင်တံဆိပ်တော်ကို ကိုင်ဆောင်၍ထားကာ ရှေ့ တွင် ဒူးထောက်ကာ လက်ပြန်ကြိုး တုတ်ခံထားရသူတွေကို ကြည့်ကာ တဟားဟား ရီလေတော့သည်။ထို့ နောက် ကြည်လင်တဲ့အသံထွက်ပေါ်လာကာ ရက်စက်သော အမိန့်ကို ပေးလိုက်လေတော့သည်။ ထိုအမိန့်ကြောင့် ဒူးထောက်နေကြသူတွေဟာ အော်ဟစ်ငိုယို တောင်းပန်သံတွေ ဆူညံ့စွာ ထွက်ပေါ်လို့ လာလေသည်။
YOU ARE READING
IN AIR SYSTEM(Completed)
Romanceအမျိုးမျိုးချုပ်ချယ်မှုတွေကြောင့် လွတ်လမ်းရှာနေတဲ့ လေလွင့်တစ်ယောက် SYSTEMနဲ့ ချိတ်မိတဲ့အခါ ဘာဆက်ဖြစ်မှာလဲ