လျင်မြန်စွာ မောင်းနှင်နေတဲ့ ကားဖြူလေး ။ထိုကားနောက် မျက်ခြေမပြတ် လ်ုက်လာနေတဲ့ ရဲကားများ။မောင်းပြေးနေတဲ့ကားကို မောင်းနေသူက ဒီကမ္ဘ္ဘာရဲ့  ဇာတ်လိုက်ကျော် လီဟွန်းဂျန်ပင်။ဟွန်းဂျန် မိမိတို့ နောက်လိုက်လာတဲ့ ကားတွက်ကို အမြန်မျက်ခြေဖြတ်ဖို့ ကြိုးစားနေလေသည်။မြောင်ယူကတော့ ဟွန်းဂျန် ဆွဲခေါ်လာတည်းက ဘာစကားမှမပြောပဲ ငြိမ်သက်စွာလ်ုက်ပါလာလေသည်။သူ့ စိတ်ထဲ ဘာတွေ တွေးနေတယ်ဆိုတာ ကာယကံရှင်ဖြစ်သူမှအပ မသိနိုင်။
ဟွန်းဂျန် လမ်းကြားလေးထဲချိုးဝင်လိုက်ကာ လျင်မြန်စွာမောင်းလိုက်လေသည်။ထို့ နောက် နောက်လမ်းကြားလေးထဲချိုးဝင်လိုက်၏။ဟွန်းဂျန် နောက်ကကားတွေကို မျက်ခြေဖြတ်လိုက်နိုင်လေပြီ။အချိန်အတော်ကြာထိ အရှိန်မြင့်မြင့်မောင်းပြီးမှ ပုံမှန်အရှိန်သို့  ပြောင်းလိုက်သည်။
"အစ်ကို တောင်းပန်ပါတယ် "
"ဘာကိုလည်း ဘာအတွက်လဲ "
"အရာအားလုံးတွက် ကျွန်တော်သာ လူမသတ်ခဲ့ရင် အစ်ကိုလည်း မြတ်နိုးအလုပ်ကို စွန့်ပစ်စရာမလိုဘူး ခုလို ဝရမ်းပြေးတစ်ယောက်နဲ့ အတူ သေပြေးရှင်ပြေး ပြေးစရာလိုမှာမဟုတ်ဘူး "
"ဟင်း…ဟုတ်တယ် မင်းပြောတာ မှန်တယ် ဒါပေမယ့် ကိုယ် မင်းကို ချစ်တယ် အလုပ်ကို ချစ်လို့  တာဝန်ကျေအောင် ပြည်သူတွေကို တတ်နိုင်သမျှ ကာကွယ်ပေးခဲ့ပြီ မင်းကို ချစ်လို့  မင်းကို ကာကွယ်ပေးရမှာလည်း ငါ့တာဝန်ပဲ "
ထို့ နောက် နှစ်ယောက်လုံး တိုးတိတ်စွာ သက်ပြင်းချကာ ကားတွင်းတိတ်ဆိတ်မှုတို့ ကြီးစိုးသွားလေတော့သည်။
*******
"ကွင်းဆက်လူသတ်မှု တရားခံဟာ xxxxတွင် နေထိုင်တဲ့ မြောင်ယူမင် ဖြစ်တယ်လို့  သက်ဆိုင်ရာဌာနက ပြောကြားခဲ့ပါတယ် ထွက်ပြေးသွားတဲ့ တရားခံကို သက်ဆိုင်ရာဌာနက လ်ုက်လံဖမ်းဆီးလျက်ရှိပြီး စုံစမ်းစစ်ဆေးရေးဌာနခေါင်းဆောင်ဟာ ဝရမ်းပြေးနဲ့  ထွက်ပြေးတိမ်းရှောင်နေကြောင်း ********"
YOU ARE READING
IN AIR SYSTEM(Completed)
Romanceအမျိုးမျိုးချုပ်ချယ်မှုတွေကြောင့် လွတ်လမ်းရှာနေတဲ့ လေလွင့်တစ်ယောက် SYSTEMနဲ့ ချိတ်မိတဲ့အခါ ဘာဆက်ဖြစ်မှာလဲ