လှပစွာတည်ဆောင်ထားတဲ့ စံအိမ်တော်ကြီးတွင် စူးရှတဲ့ ကလးငိုသံကြောင့် အိမ်တော် အလုပ်သမားများ ပြာယာခပ်နေကြလေ၏။ကလေးရဲ့  မွေးဖခင်ဟာလည်း ချော့မရ ပြုမရ ပြင်းထန်စွာ ငိုနေတဲ့ သားငယ်ကြောင့် မျက်ရည်တွေဝိုင်းကာ ချော့မပြတ်။
"အို သားရယ် တိတ်ပါကွယ် ဘယ်နား နေမကောင်းလို့ လည်းဟင် "
"အူးဝါး ~~~ ဝါး… …… "
"သားရယ် ………… "
ကျန်းချိန် ဘာလုပ်ရမှန်း မသိဖြစ်လို့ နေလေသည်။ မွေးပြီးထဲက တစ်လနီးနီး ငိုတာရှားသည့် ကလေးဟာ ယခုဖြင့် ငိုနေသည်က အိမ်တော်ထဲက လူတွေ နားပင်မခံနိုင်တော့ ပေ။သည်းမခံနိုင်တော့သူ တစ်ယောက်ကတော့ စတင်က ပြသာနာရှာလေတော့သည်။
"တောက်စ် အဲ့ဒီမျိုးမစစ် အငိုမတိတ်နိုင်ဘူးလားဟမ် မင်းတို့  ဘာစောက်သုံးကျလည်း ကျန်းချိန် မင်းမွေးထားတဲ့ကလေးကို စောက်ပေါက်ပိတ်ခိုင်းလိုက်စမ်း နားငြီးတယ်ကွ "
ကလေးကြောင့် ပူပန်နေရချိန် ပြသာနာ လာရှာတဲ့သူကြောင့် ကျနးချိန် ဒေါသတင်းခနဲ့ ။သားငယ်ရဲ့  ဖခင်ရင်း ဖြစ်နေသည့်တိုင် သားငယ်ပေါ် မေတ္တာ မရှိတဲ့ ထိုသူ က ယဲ့လုရွှမ်းပင်။အိမ်တော်တွင် ထို လူဂွစာနှင့် သူတို့ သားအဖသာ ရှိနေသည်။ယဲ့ဖေးရှန်နှင့် ယဲ့သခင်မကြီးတို့ က အလုပ်ကိစ္စတွေဖြင့် ခရီးကိုယ်စီထွက်သွားတာကြောင့် မရှိ။ယဲ့အိမ်တော်တွင် ကျန်းချိန် ရောက်နေခြင်းဟာ ဖေးရှန်ရဲ့  ချိန်းခြောက်မှုကြောင့်ပင်။သုံးပတ်ရှိပြီးဖြစ်သော်လည်း လုရွှမ်း ကျေနပ်ပုံမပေါ် အမြဲလို ပြသာနာ ရှာတတ်လေသည်။
"ခင်ဗျား ပါးစပ် ပိတ်ပြီး အေးဆေးနေလိုက် ကလေးကို မမြင်ချင်ရင် ဒီအိမ်က ခင်ဗျားထွက်သွားလိုက် အသံမကြားချင် ဂွမ်းဆို့ ထားလိုက် Ok "
"မင်းကများ ငါ့မောင်းထုတ်ရအောင် မင်းကိုမင်း ယဲ့အိမ်တော်က သခင်မှတ်နေလား "
လူကြီးနှစ်ယောက်ရဲ့  ရန်ဖြစ်သံနဲ့ အတူ ကလေးငယ်ရဲ့  တဝါးဝါး ငိုသံတွေဟာ အိမ်တော်တွင် ကျယ်လောင်နေတော့သည်။
VOCÊ ESTÁ LENDO
IN AIR SYSTEM(Completed)
Romanceအမျိုးမျိုးချုပ်ချယ်မှုတွေကြောင့် လွတ်လမ်းရှာနေတဲ့ လေလွင့်တစ်ယောက် SYSTEMနဲ့ ချိတ်မိတဲ့အခါ ဘာဆက်ဖြစ်မှာလဲ