"စီနီယာ ရှန့် လွိဖုန်း "
"ဟမ်"
system အဲ့တာဘယ်သူလဲ ဇာတ်ကြောင်းထဲလဲမပါ
[ဟီး ပါပါတယ် Host ဘာသာကျော်ဖတ်တာ systemလည်း မတက်နိုင်ဘူးလေ ]
"စီနီယာ ရှန့်  ကိုမသိဘူးမပြောနဲ့နော် မင်ဆော့ "
"အင်းလေ ငါမသိဘူး "
"ငါ့သူငယ်ချင်းဖြစ်ပီး ညံ့တယ်ဟာ ငါပြောပြမယ် သူနာမည်က ရှန့် လွိဖုန်း သူက တရုတ် ကိုးရီယား ကပြား
ကိုးရီးယားနာမည်က လီရှန့်  သူကလွန်ခဲ့တဲ့သုံးနှစ်က Dream ရဲ့  popularဖြစ်တဲ့ကျောင်းသားတွေထဲတစ်ယောက် နောက်ဆုံးနှစ်တက်မဲ့နှစ်ကျတော့ မတက်စ်ြပဲ တရုတ်ကိုပြန်သွားရတယ်တဲ့ ကြည့်ရတာ ခုမှပြန်တက်တာဖြစ်မယ် အဲ့သုံးနှစ်အတွင်း စီနီယာက တရုတ်မှာ အငယ်ဆုံး စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်ပဲ
ကောင်းသတင်းပြောပီးပီဆိုတော့ ငါကြားဖူးတာ စီနီယာကလေ အရမ်းဆိုးတယ်တဲ့ သူပထမနှစ်တက်တုန်းက
အခန်းဖော်စီနီယာက အနိုင်ကျင့်တာ သူကပြန်ဆော်လိုက်တာ ဟိုက ဆေးရုံတစ်လလောက်နေလိုက်ရတယ် ဒါပေမယ့် စီနီယာကလေ သူကို မထိသရွေ့ တော့ ဘာမလုပ်ဘူးတဲ့ ပီးတော့ အဲ့အခန်းဖော်စီနီယာသူငယ်ချင်းတွေက ကျောင်းသားခေါင်းဆောင်တွေလေ မကျေနပ်လို့ဆိုပီး ချိန်းပွဲလုပ်တာ ငါးယောက်တစ်ယောက်တဲ့ နောက်တော့ ကျောင်းမှာ စီနီယာကိုဆို မော့တောင်မကြည့်ရဲဘူးတဲ့ အမလေး ငါ့သူငယ်ချင်းလေးကံကောင်းပါစေ နော် "ပြောပီး နေရမယ့် အခန်းကို လိုက်ပို့ပေးလေတယ်
အခန်းရှေ့ လည်း ရောက်ရော " ရော့  အထုပ် စီနီယာကို ကောင်းကောင်းဆက်ဆံနော် မကျေနပ်လို့ လုပ်ရင်လည်း ခံလိုက် ကြားလား "ပြောပီးတာနဲ့လစ်ကနဲ့ပြောလေတော့တယ် မင်ဆော့ကတော့ စိတ်ထဲကနေပြောလိုက်တယ်
လူတစ်ယောက်ကိုအဲ့လောက်ကြောက်ဖို့ လိုလို့လားမင်ဆော့ အခန်းpasswordကို နိုပ်ကာ အခန်းထဲဝင်လိုက်တော့ တိုက်တိုက်ဆိုင်ဆိုင်ရေချိုးခန်းကထွက်လာတဲ့
စီနီယာကိုတွေ့ လိုက်တယ် အောက်ပိုင်းကို တဘတ်နဲ့ပတ်ထားပီး အပေါ်ပိုင်းက ပေါင်မုန့်လုံးတွေက အထင်းသား မင်ဆော့ စီနီယာကို နုတ်ဆက်လိုက်တယ်
"အိုမင်ဆော့ပါ " ပီးတာနဲ့ အထုပ်တွေ နေရာချလိုက်တယ်
ပီးတာနဲ့ ကုတင်ပေါ်လဲကာ အိပ်မောကြသွားတော့တယ်
လွိဖုန်း သူ့အခန်းဖော် ဂျူနီယာက ထိုကောင်လေးဖြစ်နေတာကြောင့် စိတ်ထဲပျော်သလိုဖြစ်သွားတယ် နာမည်တစ်လုံးထဲတာ မိတ်ဆက်ပီး နေရာချနေတဲ့ကောင်လေးဟာ အချေလေးပဲ သူလည်း အဝတ်စားဝတ်ကာ ကျောင်းအုပ်ကြီးရုံးခန်းသို့  သွားရလေတယ်
YOU ARE READING
IN AIR SYSTEM(Completed)
Romanceအမျိုးမျိုးချုပ်ချယ်မှုတွေကြောင့် လွတ်လမ်းရှာနေတဲ့ လေလွင့်တစ်ယောက် SYSTEMနဲ့ ချိတ်မိတဲ့အခါ ဘာဆက်ဖြစ်မှာလဲ