ကျန်းအိမ်တော်သည် ဟန်ယွမ် မြို့ တော်တွင် နာမည်ကြီးအိမ်တော်ပင်။ဂုဏ်ပမာန မက်မောသည့် ကျန်းသခင်ကြီးသည် အိမ်တော်ဂုဏ်သိက္ခာတွက် ကျန်းချိန်ကို စွန့် လွှတ်ခဲ့သည်မှာ အံ့သြစရာမရှိပေမယ့် ရက်စက်လွန်းရာလည်း ကျပေသည်။ မိန်စူး မီးဖိုချောင်ထဲ တစ်ယောက်တည်း တကုတ်ကုတ်နဲ့ အလုပ်ရှုတ်နေလေသည်။ငါးဆင့်ချိုင့်နဲ့ စားစရာတွေ ပြင်ဆင် အရင်နေ့  ဈေးကဝယ်လာတဲ့ သိုးမွှေးအင်္ကျီလေးရယ် ကိုယ်ဝန်ဆေးနဲ့  အားဆေးတစ်ချို့ ပါ တစ်ခါတည်း ထုတ်ပိုးလိုက်သည်။ မိန်စူး လုပ်သမျှကို တစ်အိမ်လုံးသိပေမယ့် သခင်မကြီးကျန်းက သခင်ကြီးထံပေါက်ကြားခွင့်မပြုသလို မိန်စူးကိုပါ မနှောက်ယှက်ဖို့  မှာထားသေး။
ကျန်းအိမ်တော်တွင် အိမ်ကအလုပ်သမားအစေအပါးတွေဟာ တစ်ပတ်တစ်ခါသာအပြင်ထွက်ခွင့်ရသည်။မီးဖိုချောင်းအလုပ်သမားတွေကတော့ ချွင်းချက်ပင်။ မိန်စူး အိမ်နောက်ဖေးဘက်ကနေ ထွက်ကာ ကျန်းချိန် ရှိတတ်သောနေရာဆီ ဦးတည်လေတော့သည်။
"အရူးကြီး ရုပ်ဆိုးတဲ့အရူး ဟား ဟား ဟား …… "
"စောက်ကလေး ငါအရူးမဟုတ်ဘူး နင်မှရူးနေတာ "
"ဒီစောက်ရူးကတော့ ……"
"ရပ်စမ်း !! "
"ကျဲကျဲ အားချိန်ကို သူတို့  အနိုင်ကျင့်တယ် ဟီးဟီး "
"ဘာမဖြစ်ဘူးနော် လာ ကျဲကျဲ အားချိန်ကြိုက်တဲ့မုန့် တွေ လုပ်လာတယ် "
ကျန်းချိန် မိန်စူး ထည့်လာတာတွေကို ခေါင်းမဖော်တန်း စားမိလေသည်။အရူးတစ်ယောက်လို ဟန်ဆောင်ထားရ၍အလုပ်မရှိ ဘယ်သူမှလည်း အရူးဗိုက်ဆာမဆာမသိသလို သူများဆီက အလကားယူဖန်များလာတော့လည်း အားနာတာကြောက့် ကျန်းချိန် တစ်နေ့သုံးနပ်တာ ပုံမှန်ပင်။သို့ သော် ကိုယ်ဝန်ကြောင့် တောင်းတတာရှိပေမယ့် ကျန်းချိန် မတတ်နိုင်ပေ။
"စားကောင်းလား ရော့ ဒီမှာ ဆေးသောက်နော် ဒီမှာ ထိုင်နေအုံးနော် ကျဲကျဲ ဟိုဆိုင်လေးခနသွားမလို့  "
YOU ARE READING
IN AIR SYSTEM(Completed)
Romanceအမျိုးမျိုးချုပ်ချယ်မှုတွေကြောင့် လွတ်လမ်းရှာနေတဲ့ လေလွင့်တစ်ယောက် SYSTEMနဲ့ ချိတ်မိတဲ့အခါ ဘာဆက်ဖြစ်မှာလဲ