"အ အရှင် တော် တော် ဝင်ကြင်ယာတော် "
အမောတကော ပြေးလာပြောတဲ့ အထိန်းတော်ချုပ် စကားမဆုံးသေး လွှားခနဲ့  ပြေးထွက်သွားတဲ့ အရှင်။အထိန်းတော်ကြီးမှာလည်း နောက်ကအပြေးလိုက်ရပြန်လေသည်။
ယဲ့ကွမ်း တစ်နေ့ တစ်နေ့  မွှေလွန်းသည့် ဟွမ်မင်လေးကို စိတ်ပူလွန်းလှသည်။တစ်ပတ်တွင်း မွှေချက်သည် နန်းတွင်းစားဖိုချောင်(မီးဖိုချောင်) မီးလောင်သည်ထိပင်။ယဲ့ကွမ်း အနောက်ဆောင်ကို ရောက်တဲ့အချိန် ဟွမ်မင်နဲ့  ယုချောင်မေက မျက်နှာချင်းဆိုင်ရပ်နေကာ ကျန်ကိုယ်လုပ်တော် ကြင်ယာတော်တွေက ဒူးထောက်လျက် ရှိလေသည်။
"တော်ဝင်ကြင်ယာတော် လွန်းလွန်းလှပါတယ်… ဒီမိဖုရားက ကောင်းစေချင်တဲ့ စေတနာ …"
"ဒါက ဘယ်လိုခွေးစကားလည်း … မိဖုရားယု… ဒီတော်ဝင်ကြင်ယာတော်က ယောင်္ကျားလေး ဖြစ်တာနဲ့ ပဲ နန်းသွေးကို လွယ်ထားရ … အရှင်ကတောင် ဒီလူကို အရာအားလုံး ခွင့်ပြုထားတာကို မိဖုရားယုက အရှင့်ကို လွန်ဆန်ချင်နေတာလား "
တော်ဝင်ကြင်ယာတော်နဲ့  မိဖုရားယု တို့ ရဲ့  အကြည့်စစ်ခင်းမှုကြား ဘေးလူတွေ ကြောက်ရွံ့ နေကြလေသည်။ထို့ ပြင် မိဖုရားယုသည် လက်လွန်ကာ တော်ဝင်ကြင်ယာတော်အား ပါးရိုက်ထားသေားသည်။အရှင်သာ သိလျှင် သေချာပေါက် အပြစ်ပေးခံယူရအုံးမည်။တော်ဝင်ကြင်ယာတော်သည် အရှင့်၏ အချစ်တော်ဖြစ်သလို အရှင့်သွေးသား နန်းသွေးအား လွယါထားသူပင် မဟုတ်ပါလား မိဖုရားယုမှ လွဲ၍ ကျန်သူတွေအဖို့  အရှင်ပြီးရင် ဟွမ်မင်သည် အကြောက်ရဆုံးဖြစါလေသညါ။
"ဘာဖြစ်နေကြတာလဲ " အေးစက်စက်အာဏာသံအပြည့်ပါဝင်နေတဲ့ အသံကြောင့် အားလုံးဟာ အရှင်ရောကါလာမှန်း သိလိုက်ရလေသည်။
'"အရှင့်ကို အရ်ုအသေပေးပါတယ် " အားလုံးရဲ့  တညီတည်း အရ်ုအသေပေးကြသော်လည်း ထိုထဲဟွမ်မင် မပါပေ။ ယဲ့ကွမ်း အားလုံးကို ဂရုမစိုက်ပဲ သူ့ ဦးတည်ရာက ဟွမ်မင်ဆီသာ။ ယဲ့ကွမ်း ဟွမ်မင်နား ရောက်သွားတော့ သူတောင် မထိရက်တဲ့ ပါးဖောင်းလေးပေါ်က လက်ရာကြီးကြောင့် ဒေါသထွက်လို့ လာလေသည်။ ယဲ့ကွမ်း ဟွမ်မင် မျက်နှာကို အသာထိကိုင်လိုက်ကာ
YOU ARE READING
IN AIR SYSTEM(Completed)
Romanceအမျိုးမျိုးချုပ်ချယ်မှုတွေကြောင့် လွတ်လမ်းရှာနေတဲ့ လေလွင့်တစ်ယောက် SYSTEMနဲ့ ချိတ်မိတဲ့အခါ ဘာဆက်ဖြစ်မှာလဲ